DVB Logo
Home
မြန်မာသတင်း
နမ့်ဆန်မြို့ရှိ  စစ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ပြီဟု TNLA ထုတ်ပြန်
DVB
·
December 17, 2023
နမ့်ဆန်မြို့ရှိ  စစ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ပြီဟု TNLA ထုတ်ပြန်
1 / 2
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့က စစ်ကောင်စီ တပ်မ-၁၀၁၊ တပ်မမှူးအခြေချကွပ်ကဲနေတဲ့ တပ်စခန်းအားလုံးကို အလုံးစုံဝင်ရောက်ရှင်းလင်းချေမှုန်းသိမ်းပိုက်ပြီး  မူလပိုင်ရှင် တအာင်းပြည်သူတို့ လက်ဝယ်ကို ပြန်လည်အပ်နှံပေးနိုင်ခဲ့ပြီလို့  တအာင်းတပ်မတော် (PSLF/TNLA) က ဒီနေ့ညမှာ ထုတ်ပြန်ပါတယ်။

နမ့်ဆန်တပ်စခန်းတွေကို တအာင်းတပ်မတော် PSLF/TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာ ၁၀ ရက်က စတင်တိုက်ခိုက်ခဲ့ပြီး ၆ ရက်ကြာ ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၃ နာရီခွဲမှာ စစ်ကောင်စီတပ်စခန်းတွေ၊ စစ်ကောင်စီပိုင် လက်ဖက်ခြောက်စက်ရုံ၊ ရဲစခန်း အပါအဝင် ဌာနဆိုင်ရာရုံးတွေ အလုံးစုံကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

နမ့်ဆန်မြို့က စစ်ကောင်စီတပ်စခန်းဟာ ပခုက္ကူ အခြေစိုက် တပ်မ-၁၀၁ နဲ့ လက်အောက်ခံတပ်ဖြစ်တဲ့ ခလရ-၂၅၈ က လာရောက်ထိုးစစ်ဆင်စခန်းချတဲ့ တပ်စခန်းဖြစ်ပြီး စစ်ကောင်စီရဲ့ ထောက်ပို့တပ်ဖြစ်တဲ့ အမှတ် ၆၂၆ နဲ့ ၉၂၉ တို့ အခြေချတဲ့ မြို့ဖြစ်ပါတယ်။

နမ့်ဆန်တပ်စခန်းကို တိုက်ခိုက်နေတုန်းမှာ စစ်ကောင်စီ မန်တုံ ခလရ-၁၃၀ တပ်က လက်နက်ကြီးနဲ့ အကြိမ်းပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့သလို လေကြောင်းကနေလည်း အကြိမ် ၃၀ ကျော် လာရောက် တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

တိုက်ပွဲကာလအတွင်း  စစ်ကောင်စီဆီကနေ ဟောင်ဝစ်ဇာ အမြောက် ၄ စင်း၊ လက်နက်ခဲယမ်းမျိုးစုံ အမြောက်အများနဲ့ ရန်သူအလောင်း ၆၀ ကျော်၊ စစ်သုံ့ပန်း စစ်ကောင်စီတပ်သား အယောက် ၃၀၊ မိသားစုဝင် ၃ ယောက်၊ ရဲ ၆ ယောက်၊ ရဲမိသားစုဝင်  ၂၅ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့လည်း ဆိုပါတယ်။

နမ့်ဆန်မြို့နယ်ဟာ တအာင်းစော်ဘွားအဆက်ဆက် နောက်ဆုံး စော်ဘွား စဝ်ခွန်ပန်းစိန်က ၁၉၅၉ ခုနှစ် မတ် ၂ ရက် အာဏာသိမ်းခံရတဲ့အထိ ကိုယ်ပိုင်အုပ်ချုပ်လာခဲ့တဲ့ နန်းစိုက်ရာမြို့တမြို့ဖြစ်ပြီး ၆၄ နှစ်အကြာ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ကျရောက်တဲ့ ၂၇၁၅ ခုနှစ်၊ တအာင်းနှစ်သစ်မှာ မူလပိုင်ရှင် တအာင်းပြည်သူတို့ လက်ဝယ်ဆီကို ပြန်လည်အပ်နှံ ပေးနိုင်ခဲ့ပြီလို့လည်း TNLA က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013