ယူကရိန်းနိုင်ငံ၊ ဇာပိုရစ်ရှားဒေသ၊ ကုမိရှူဝါခါမြို့နယ်ခွဲမှာ ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ဦးရေ မှာ ၃၁ ယောက် ထိ မြင့်တက်လာတယ်လို့ ဒေသန္တရ အုပ်ချုပ်ရေးမှူး မိုက်ခိုင်လို ဆီမီကင်က နိုဝင်ဘာ ၃ ရက်မှာ ပြောပါတယ်။
နိုဝင်ဘာ ၂ ရက်က တိုက်ခိုက်မှုဟာ ဒေသခံတွေက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို လာယူနေချိန်မှာဖြစ်ခဲ့ဖြစ်ပြီး တိုက်ခိုက်မှုကြောင့် လူ ၅ ယောက် ဒဏ်ရာရကာ ၄၈ ယောက် ပျောက်ဆုံးနေဆဲလို့ ဆီမီကင်က ပြောပါတယ်။
လက်ရှိအဲဒီနေရာမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေတယ်လို့ သူက ပြောပါတယ်။ ရုရှားက ပထမအကြိမ် တိုက်ခိုက်မှုအပြီးမှာ ထပ်ပြီး တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ကျောင်းတကျောင်းကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးတွေ ကြဲချခဲ့တယ်၊ အဲဒီကျောင်းကို ခိုလှုံရာနေရာအဖြစ် သုံးထားသလို၊ အပတ်စဉ် တနင်္လာနေ့တိုင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဖြန့်ဝေပေးရာနေရာအဖြစ်လည်း သုံးနေတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။
မြို့ထဲမှာ ကျန်နေတဲ့ ဒေသခံတွေက လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အထုပ်အပိုးတွေကို ယူဖို့ အပတ်စဉ် စုဝေးလေ့ရှိတာကို ရုရှားဘက်က မသိဘဲ မနေနိုင်ဘူးလို့ ဇလန်းစကီးက ပြောပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ သူတို့ရဲ့ တိုက်ခိုက်မှုက ဇာပိုရီဇီးယားနဲ့ ကိုမီရှူဗာခါဒေသက တခြား မြို့နယ်ခွဲ ၂ ခုတို့ရဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ ယူကရိန်းစစ်တပ်ယူနစ်တွေကို ပစ်မှတ်ထားခဲ့တာလို့ ပြောပါတယ်။
ပဋိပက္ခဖြစ်နေတဲ့ နှစ်ဖက်စလုံးက အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာ မရှိဘူးလို့ ငြင်းဆိုပါတယ်။
Source: Reuters











