DVB Logo
Home
နိုင်ငံတကာ
ဟောင်ကောင်မီဒီယာသူဌေးအမှု အတုအယောင်ရုံးတင်စစ်ဆေးခြင်းဖြစ်ဟု သားဖြစ်သူ ဝေဖန်
DVB
·
December 16, 2023
ဟောင်ကောင်မီဒီယာသူဌေးအမှု အတုအယောင်ရုံးတင်စစ်ဆေးခြင်းဖြစ်ဟု သားဖြစ်သူ ဝေဖန်
Donate to DVB

တရုတ်ထိပ်တန်းဝေဖန်ရေးသမားနဲ့  ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီလိုင်ရဲ့သား စီဘက်စီယံ လိုင်က သူ့အဖေကို လာမယ့် သီတင်းပတ်မှာ ရုံးတင်စစ်ဆေးလို့ ရလာမယ့် ရလဒ်က လုံးဝ ဟန်ပြဖြစ်ပြီး ဆုံးဖြတ်ချက်ချပြီးသား ဖြစ်တယ်လို့ ဒီဇင်ဘာ ၁၅ ရက်မှာ ပြောလိုက်ပါတယ်။

လိုင်ဟာ သူ့ယုံကြည်ချက်အတွက် ရပ်တည်ပေးခဲ့လို့ သူ့အဖေအတွက် ဂုဏ်ယူတယ်လို့လည်း ပြောပါတယ်။ 

၂၀၂၀ ခုနှစ်မှာ တရုတ် ပြည်မကြီးအစိုးရက ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေအောက်မှာ ဂျင်မီလိုင်ကို ဒီဇင်ဘာ ၁၈ ရက်က ဟောင်ကောင်မှာ ရုံးတင်စစ်ဆေးမှာပါ။ 

သူဟာ အမေရိကန်အပါအဝင် နိုင်ငံခြားတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကြံစည်မှုနဲ့ ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ် ချမှတ်ခံရနိုင်ပါတယ်။ 

အခုပိတ်သိမ်းခံထားရတဲ့ ဒီမိုကရေစီလိုလားတဲ့ Apple Daily သတင်းစာကို တည်ထောင်သူနဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်မှုကို ဟောင်ကောင်မှာ အထင်ရှားဆုံး ဝေဖန်သူ အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ ဂျင်မီလိုင်ဟာ ၂၀၁၉ ခုနှစ် ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေနောက်ပိုင်းမှာ တရားစွဲခံ ထားရပါတယ်။

သူ့ရဲ့ သတင်းစာတိုက်အတွက် အငှား စာချုပ်ဆိုင်ရာ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး လိမ်လည်မှုနဲ့ ထောင်ဒဏ် ၅ နှစ်၊ ၉ လ ကျခံနေရပြီး  အခု တရားခွင်အသစ်မှာ သူရင်ဆိုင်နေရတဲ့ စွဲချက် အားလုံးအတွက် အပြစ်မရှိဘူးလို့ ထွက်ဆိုထားပါတယ်။

နိုင်ငံရပ်ခြား သံတမန်တွေ၊ စီးပွားရေးသမားတွေနဲ့ ဥပဒေပညာရှင်တွေက ဒီတရားစီရင်မှုကို အနီးကပ် စောင့်ကြည့်နေကြပြီး ဒီအမှုဟာ  ၂၀၂၀ ပြည့်နှစ်မှာ တရုတ် ပြည်မကြီးအစိုးရက ချမှတ်ထားတဲ့ အမျိုးသား လုံခြုံရေးဥပဒေအောက်မှာ ဟောင်ကောင်ရဲ့ တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုနဲ့ လွတ်လပ်ခွင့်တွေအတွက် အဓိကစမ်းသပ်မှုတခုအဖြစ် ပေါ်ထွက်လာနေပါတယ်။  

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013