DVB Logo
Home
နိုင်ငံတကာ
ယူကရိန်း အထူးစစ်ဆင်ရေး၏ရည်မှန်းချက် မပြောင်းလဲသေးဟု ရုရှားသမ္မတပူတင် ပြော
DVB
·
December 15, 2023
ယူကရိန်း အထူးစစ်ဆင်ရေး၏ရည်မှန်းချက် မပြောင်းလဲသေးဟု ရုရှားသမ္မတပူတင် ပြော
Donate to DVB

ယူကရိန်းမှာ ရုရှားရဲ့ အထူးစစ်ဆင်ရေးရဲ့ ရည်မှန်းချက်တွေက မပြောင်းလဲသေးကြောင်းနဲ့ ရုရှားနိုင်ငံအတွက် အဓိကအချက်ကတော့ နိုင်ငံရဲ့ အချုပ်အခြာအာဏာတည်တံ့ရေး သေချာ စေဖို့ ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ဒီဇင်ဘာ ၁၄ ရက်က ရုရှားနိုင်ငံ မော်စကိုမှာ ကျင်းပတဲ့ နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

ယူကရိန်းမှာ ရုရှားရဲ့ အထူးစစ်ဆင်ရေးရဲ့ ရည်မှန်းချက်တွေက မပြောင်းလဲသေးကြောင်းနဲ့ ရုရှားစစ်တပ်မှာ လူ ၅ သိန်း ရှိတာကြောင့် နောက်ထပ် အရန်တပ်ဖွဲ့ဝင်တွေကို ထပ်စုဆောင်း ခေါ်ယူစရာ မလိုကြောင်းလည်း ပူတင်က ပြောပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်တွေ အကောင်အထည်ဖော်တဲ့အခါ ငြိမ်းချမ်းရေး ရှိလာမှာပါ လို့လည်း ဆိုပါတယ်။ 

အခုချိန်အထိ လူပေါင်း ၄၈၆,၀၀၀ လောက်ဟာ ကြေးစားစစ်သားတွေအဖြစ် ဆန္ဒအလျောက် လက်မှတ်ရေးထိုး စာရင်းသွင်းထားပြီး၊ မနှစ်က ခေါ်ယူခဲ့တဲ့ လူ ၃ သိန်းထက်တောင် ကျော်လွန်သွားပြီး အင်အား ပြတ်လပ်မှုမရှိဘူးလို့ ပူတင်က ပြောပါတယ်။ 

လောလောဆယ် ယူကရိန်းမှာ တိုက်ပွဲဝင်နေတဲ့ ရုရှားတပ်ဖွဲ့ဝင် စုစုပေါင်း ၆၁၇,၀၀၀ ရှိပြီး စစ်တပ်ထဲမှာ သူ့ဆွေမျိုးသားချင်း မိသားစုတွေ မိတ်ဆွေရင်းတွေရဲ့ သားသမီးတွေလည်း အမိနိုင်ငံတော်အတွက် ဝန်းရံတိုက်ပွဲဝင်နေတယ်လို့လည်း ဆိုပါတယ်။ 

တချို့တွေလည်း ကျဆုံးကုန်ပြီး ပုဂ္ဂလိက စစ်ဘက်ဆိုင်ရာ ကုမ္ပဏီတွေမှာ ဝင်အမှုထမ်းပြီး သေဆုံးရသူတွေနဲ့ စစ်ပြန်တွေအတွက်လည်း တခြားစစ်ပြန်တွေလိုပဲ နိုင်ငံတော်ရဲ့ လူမှုရေးဆိုင်ရာ ပံ့ပိုးကူညီမှုကို ရရှိသင့်ကြောင်း ရုရှားသမ္မတက ပြောပါတယ်။

ရုရှားနိုင်ငံမှာ နှစ်စဉ် ငွေကြေးဖောင်းပွမှုဟာ ၈ ရာခိုင်နှုန်းကို ချဉ်းကပ်လာနိုင်ပေမဲ့ ဗဟိုဘဏ်နဲ့ အစိုးရကတော့ လိုအပ်သလို ဆောင်ရွက်ပေးနေပါတယ်လို့ သမ္မတပူတင်က ပြောပါတယ်။

အရေးကြီးဆုံးညွှန်ပြချက်မှာ စီးပွားရေးတိုးတက်မှု ဖြစ်ပြီး၊ အခုနှစ်ကုန်မှာ GDP တိုးတက်မှုနှုန်းက ၃ ဒသမ ၅ ရာခိုင်နှုန်း  ဖြစ်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ဆိုပါတယ်။ 

ဗဟိုဘဏ်ကတော့ ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ဖို့ အတိုးနှုန်းကို ၁၆ ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့ မျှော်လင့်ထားတာပါ။

ဥရောပနဲ့ ဆက်ဆံရေးကတော့ ပုံမှန်ပြန်ဖြစ်မယ့် အခြေအနေတွေ မရှိသေးကြောင်းလည်း ပူတင်က ပြောသွားပါတယ်။

Source/Photo - Alexander Zemlianichenko/Pool via Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013