DVB Logo
Home
နိုင်ငံတကာ
ထိုင်းနယ်စပ် အထောက်အထားမဲ့သူများအတွက် ကျန်းမာရေးအာမခံစနစ်သစ် စတင်မည် 
DVB
·
December 14, 2023
ထိုင်းနယ်စပ် အထောက်အထားမဲ့သူများအတွက် ကျန်းမာရေးအာမခံစနစ်သစ် စတင်မည် 
Donate to DVB

ထိုင်းနယ်စပ်က အထောက်အထားမရှိတဲ့ ကျန်းမာရေးကုသခွင့် အခွင့်အရေးမဲ့နေသူတွေအတွက် ထိုင်းကျန်းမာရေးဝန်ကြီးဌာနနဲ့  WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းပြီး ကျန်းမာရေး ဝန်ဆောင်မှုစနစ်သစ်တရပ် စတင်တော့မယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးမူဝါဒကို မြှင့်တင်တဲ့အနေနဲ့လည်းကောင်း၊ မူလက ဘတ် ၃၀ နဲ့ ကုသပေးနေတဲ့ အစီအစဉ်ကို မြှင့်တင်တဲ့အနေနဲ့လည်းကောင်း လာမယ့် ၂၀၁၄ ခုနှစ်ထဲမှာ နယ်စပ်ဒေသနဲ့ အထူးဇုန်ဒေသက ထိုင်းနိုင်ငံသားမဟုတ်တဲ့ အထောက်အထားမဲ့သူတွေ၊ အခွင့်အလမ်းမဲ့နေသူတွေအတွက် HINT ( Health Insurance for Non-Thai People System) နဲ့ ကျန်းမာရေးအာမခံကတ်လုပ်ပေးဖို့ ထိုင်းကျန်းမာရေးဝန်ကြီး ‌ဒေါက်တာ ချွန်းနန့်ဆီကယောက်က လမ်းညွှန်ထားတယ်လို့ ဒီဇင်ဘာ ၁၀ ရက် ကျန်းမာရေးမြှင့်တင်မှုဆိုင်ရာ အစည်းအဝေးမှာ ကျန်းမာရေးဒုဝန်ကြီး ဒေါက်တာဆူရချတ် တန်ဝိဝပ်က ပြောပါတယ်။

အဆိုပါအစီအစဉ်ကို လာမယ့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ စတင်အကောင်အထည်ဖော်နိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဒီအတွက် အထောက်အထားမဲ့သူတွေအနေနဲ့ မိမိမှာ ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့် အထောက်အထား မရှိကြောင်း အမည်စာရင်း တင်သွင်းရမှာ ဖြစ်ပါတယ်။ 

အရင်က အထောက်အထားမဲ့သူတွေကို ဆေးရုံမှာ ကုသပေးဖို့ တာဝန်ရှိသူတွေက အချိန်သီတင်း တပတ်ကနေ နှစ်ပတ်အတွင်း စိစစ်ခွင့်ပြုပေးနေရာက အခုစနစ်သစ်မှာတော့ ၅ မိနစ်အတွင်း အတည်ပြုပေးနိုင်မယ်လို့ ဆိုပါတယ်။

အထောက်အထားမဲ့သူတွေအတွက် ဆေးဝါးတန်ဖိုးကိုတော့ FDH (Financial Data Hub) ရန်ပုံငွေမှ ၂၄ နာရီအတွင်း ထုတ်ယူပြီး ၁၅ ရက်အတွင်း ပြန်လည်လွှဲပြောင်းပေးတာ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

အဆိုပါအစီအစဉ်ကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်ရှိ ဆေးရုံ ၁၈ ရုံကနေ အရင်ဆုံး စတင်စမ်းသပ် ဆောင်ရွက်သွားမယ်လို့ ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။ 

Source: MGR Online

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013