DVB Logo
Home
မြန်မာသတင်း
ယာယီသမ္မတ ဦးမြင့်ဆွေ၏ ယောက္ခမနေအိမ် ဗုံးဖောက်ခွဲခံရ 
DVB
·
December 13, 2023
ယာယီသမ္မတ ဦးမြင့်ဆွေ၏ ယောက္ခမနေအိမ် ဗုံးဖောက်ခွဲခံရ 
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်ဘုံကျောင်းလမ်းမှာရှိတဲ့ စစ်ကောင်စီ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့   ယောက္ခမနေအိမ်   ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းက ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အိမ်ခြံဝအနားမှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် နေအိမ်ရဲ့အိမ်ခြံအဝင်တံခါး ပြိုကျပျက်စီးခဲ့ပြီး ခြံဝင်း အုတ်ခုံတွေလည်း ကွဲအက်ခဲ့ပေမဲ့ လူထိခိုက်မှုတော့ မရှိဘူးလို့ ဆိုပါတယ်။ 

ဒေသခံတယောက်က ''အိမ်ထဲကို လာပစ်တာလို့ သိရတယ်။ အိမ်ထဲမရောက်ဘဲ အိမ်ရှေ့ ခြံအနားမှာကျတာ။ လူတွေအိမ်ထဲရှိပေမယ့် ထိခိုက်တာ သေဆုံးတာ မတွေ့ဘူး။ အပျက်အစီးတော့ရှိတာ တွေ့ရတယ်၊ များတယ်။ ပေါက်ကွဲမှုဖြစ်ပြီး ခဏအကြာ စစ်သားတွေ လာတာတွေ့ရတယ်” လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးနောက်  နေအိမ်ကို စစ်ကောင်စီ ကား ၂ စီးရောက်လာပြီး စစ်ဆေးခဲ့ကာ သထုံမြို့အဝင်အထွက် နေရာတွေကိုလည်း စစ်ကောင်စီတပ်နဲ့ ရဲတွေက ပိုက်စိပ်တိုက် ပိတ်ဆို့စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

''နေ့လယ်ပိုင်းအထိ စစ်သားတွေ ခြေရှုပ်နေတယ်။ အဝင် အထွက်များနေတယ်။ ပေါက်ကွဲမှုဖြစ်တဲ့ နေအိမ်အနီးက အိမ်တွေကို စစ်ကောင်စီတပ်က မနေ့ညက လာစစ်ဆေးတယ်။ အခုမနက်လည်း လာစစ်ဆေးသွားတယ်။ အကြမ်းဖက်သမားတွေကို လက်မခံဖို့ဆိုပြီး ပြောသွားသေးတယ်” လို့ ဒေသခံက ပြောပါတယ်။

အဲဒီ ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေအိမ်မှာ ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းအထိ စစ်ကောင်စီတပ်သား တချို့က လုံခြုံရေးယူပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက် ည ၈ နာရီလောက်ကလည်း သထုံမြို့ သိမ်ကုန်းရပ်ကွက်က သထုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာရှေ့က ဆိုင်းဘုတ်အနီးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013