DVB Logo
Home
မြန်မာသတင်း
သာစည်ရွာအကျဉ်းထောင် စစ်တပ်စခန်း တိုက်ခိုက်ခံရ၊ ကနီတွင် တိုက်ပွဲဖြစ်၊ လိပ်စင်းတောင်ရွာ ကို စစ်ကဗုံးကြဲ
DVB
·
December 12, 2023
သာစည်ရွာအကျဉ်းထောင် စစ်တပ်စခန်း တိုက်ခိုက်ခံရ၊ ကနီတွင် တိုက်ပွဲဖြစ်၊ လိပ်စင်းတောင်ရွာ ကို စစ်ကဗုံးကြဲ
Donate to DVB

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်၊ လိပ်စင်းတောင်ရွာကို စစ်ကောင်စီတပ်က လေယာဉ်အသုံးပြုပြီး ဒီဇင်ဘာ ၁၁ ရက်‌ ည ၁၂ နာရီလောက်မှာ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့တယ်လို့ ဒေသခံရွာသား တွေက ပြောပါတယ်။

စစ်ကောင်စီက မြေပြင်မှာ ဘာစစ်ကြောင်း၊ ဘာတိုက်ပွဲမှ မရှိဘဲ အကြောင်းမဲ့ လာရောက်ဗုံးကြဲတာလို့ ဒေသခံတွေက ပြောပါတယ်။

“ဒါသက်သက်ကြီးကို လာပစ်သွားတာပါ။ အစက ကင်းထောက်ဒရုန်းနဲ့ နာရီဝက်၊ တနာရီလောက် လည့်ပတ်ကြည့်တယ်၊ အဲလိုကြည့်ပြီး ခဏနေတော့ လေယာဉ်ရောက်လာပြီး ပေါင်း ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့တာ။ ရွာထဲမှာလည်း ဒေသခံရွာသားပဲရှိတာ၊ ဘယ် PDF မှ မရှိဘူး။ ပစ်ခတ်တာကတော့ ကံကောင်းလို့ တလုံးက ရွာနဲ့ ခပ်ဝေးဝေးမှာ တလုံးကျတယ်။ နောက် တလုံးကတော့ ရွာနဲ့ ခပ်နီးနီးမှာ ကျတယ်။ ထိခိုက်မှုကတော့ ဘာမရှိဘူး” လို့ ရွာသားတဦးက ပြောပါတယ်။

အခုလို ဗုံးကြဲခံရတဲ့ လိပ်စင်းတောင်ရွာဟာ အိမ်ခြေ ၃၀၀ နီးပါးလောက်ရှိပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်ကလည်း စစ်ကောင်စီတပ်က လေယာဉ်နဲ ဗုံးကြဲတာကြောင့် နေအိမ် ၁၀ လုံး အမိုးအကာ ပေါက်ပြဲ ပျက်စီးခဲ့သလို ဆိုင်ကယ်တစီး မီး လောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ကနီမြို့နယ်ကနေ အလယ်ကျွန်းရွာကို ရိက္ခာသွားပို့တဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ ဒီ‌ဇင်ဘာ ၁၁ ရက် မနက် ၉ နာရီကနေ ၁၀ နာရီ ၁၅ မိနစ်လောက်အထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။‌

“ထွက်လာကတည်းက လက်နက်တွေနဲ့ ရမ်းသန်းပစ်ခတ်လာတယ်။ သူတို့လာမယ် ဆိုတာကတော့ ဖရဲသီးက ပို့ပေးလို့ အရင်သိရတယ်။ အဲလိုသိလို့ ကျနော်တို့ဘက်က အရင်ကြိုတင်စောင့်ပြီးတိုက်တာ။ သူတို့ဘက်က စစ်အင်အားက ၅၀၀ ခန့်ပါတယ်၊ နောက်ပြီး ရိက္ခာတင်လာတဲ့ နွာလှည်း ၃ စီးပါတယ်။ ကနဦး စထွက်လာတုန်းကတော့ ကျောက်လုံးကြီးအဖွဲ့ နဲ့ တိုက်ပွဲစဖြစ်တယ်။ သူတို့ အလယ်ကျွန်းရွာကနေအပြန်မှာ ကျနော်တို့နဲ့ ထပ်ပြီးတိုက်ပွဲဖြစ်တာ။ စစ်ကောင်စီဘက်က တဦးသေဆုံးပြီး တဦး ပေါင်ကျိုးဒဏ်ရာရရှိသွားတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူး” လို့ ADPRA တပ်ရင်းမှူး ရဲဘော်လင်းနွေက ပြောပါတယ်။

အခုတိုက်ပွဲကို ADPRA တပ်ရင်း ၃၀ နဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၂ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာအရှေ့ဘက်မှာရှိတဲ့ သာစည်ရွာအကျဉ်းထောင်က စစ်ကောင်စီစခန်းကို ဒီဇင်ဘာ ၁၁ ရက်‌ နေ့လယ် ၂ နာရီခွဲလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်က ဒရုန်းချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

“ကျနော်တို့ ဒရုန်းယာဉ်နဲ့သွားပြီး ဗုံးသီးချခဲ့တာဗျ။ ဗုံးသီး အလုံးအရေအတွက်က ၆ လုံးချ တိုက်ခိုက်ခဲ့တာ။ သူတို့ဘက်က ရမ်းသန်းပစ်ခတ်တာတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ ကျနော်တို့ဘက်က ထိခိုက်မှုတစုံတရာမရှိခဲ့ဘူး။ (‌ေ-) အသေအပျောက်ကတော့ စုံစမ်း နေတုန်းဗျ။ ကျနော်တို့ ဒီထက်မက စစ်ကောင်စီကို တိုက်ခိုက်နိုင်ဖို့ ရန်ပုံ ငွေလည်း အများကြီးလိုအပ်နပါတယ်ဗျ။ ကူညီနိုင်သူများကူညီကြပါဦးလို့ မေတ္တာရပ်ခံအပ်ပါတယ်” လို့ Ninja Drone Team အဖွဲ့ခေါင်းဆောင် ကိုနင်ဂျာက ပြောပါတယ်။

စစ်ကောင်စီအကျဉ်းထောင်ကို Ninja Drone Team၊KLG Drone Team၊ဖီးနစ်Lpdf တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013