DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီပြုလုပ်နေသည့် ရွေးကောက်ပွဲအစီအစဉ်များ  ပြည်သူစိတ်မဝင်စား
DVB
·
December 11, 2023
စစ်ကောင်စီပြုလုပ်နေသည့် ရွေးကောက်ပွဲအစီအစဉ်များ  ပြည်သူစိတ်မဝင်စား
Donate to DVB

ရန်ကုန်တိုင်းအတွင်း မြို့နယ်အချို့မှာ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာပူးပေါင်းကာ  ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ပွဲတွေ လုပ်နေပေမဲ့ ပြည်သူလူထုက စိတ်ပါဝင်စားမှု မရှိဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာလ ၄ ရက်မှ  ၁၀ ရက်အတွင်း ရွေးကောက်ပွဲအတွက် တောင်ဥက္ကလာပ၊ အင်းစိန်၊ သန်လျင်၊ ကျောက်တံတား၊ အရှေ့ဒဂုံနဲ့ တာမွေမြို့နယ်တို့မှာ  ရွေးကောက်ပွဲကော်မရှင်က ဦးဆောင်ကာ အီလက်ထရောနစ်နဲ့မဲပေးတဲ့ အစီအစဥ်ပွဲတွေကို စစ်ကောင်စီတပ်နဲ့ဌာနဆိုင်ရာ ပူးပေါင်းကာ ပြုလုပ်ခဲ့တယ်လို့ အင်းစိန်မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ပြည်သူစစ်စစ်က ဘယ်သူမှမသွားဘူး။ ဒီပွဲတွေကို အခုကာလ ဘယ်သူမှ စိတ်မဝင်စားဘူး၊ ဘာလို့လဲဆိုတော့ ဒီပွဲတွေဟာ စစ်တပ်က ဦးဆောင်လုပ်နေတာ ဘယ်သူတွေတက်လဲဆိုတော့  အုပ်ချုပ်ရေးအဖွဲ့တွေ၊ အရန်မီးသတ်တွေ၊ ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့  ဒေသန္တရအဖွဲ့တွေ၊ သာရေးနာရေးအဖွဲ့တွေပဲ သွားကြတယ်။" 

စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းတွေမှာ ရွေးကောက်ပွဲ အီလက်ထရောနစ် မဲပေးတဲ့စနစ်နဲ့ ပတ်သက်ပြီး မြို့နယ် ၆ မြို့နယ်မှာ ပြုလုပ်ခဲ့ရာ ရပ်ကွက်နဲ့ကျေးရွာ ၁၀၀ ကျော်မှ ပြည်သူလူထု ၃၀၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ ဖော်ပြခဲ့ပေမဲ့ တကယ်တမ်း ပြည်သူတဦးမှမပါဘူးလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ဘယ်သူပြည်သူမှ မလာဘူး အဲ့ပွဲမှာ။ မြို့နယ်က ရပ်ကွက်တခုကို လူဘယ်နှယောက်လာရမယ်ပေါ့ အုပ်ချုပ်ရေးအဖွဲ့ကိုပြောတာနော်။  အဲ့ကနေ ရပ်ကွက်မှာရှိနေတဲ့  မိခင်နဲ့ကလေး၊ အမျိုးသမီးရေးရာ၊ အရန်မီးသတ်၊ ပြည်ခိုင်ဖြိုးပါတီ၊ ဒါတောင် အုပ်ချုပ်ရေးမှူးက ရာအိမ်မှူး ဆယ်အိမ်မှူးကို မိမိအလိုက် လူဘယ်နှယောက်ခေါ်ခဲ့ဆိုတာ မပါဘူး။" 

လက်တလောမှာ မြန်မာနိုင်ငံအတွင်း အထွေထွေကျပ်တည်းမှုများကြောင့် လူထုမှာ စားဝတ်နေရေး အခက်အခဲနဲ့ရင်ဆိုင်နေရပြီး ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စိတ်ပါဝင်စားမှု မရှိဘူးလို့ အရှေဒဂုံမြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ထမင်းစားဖို့တောင် မနည်းရှာနေရတာ၊ အဲ့ကိစ္စတွေ သိလည်းမသိဘူး။ အလုပ်တွေကမရှိ၊ ကုန်စျေးနှုန်းကကြီး၊ စစ်ဖြစ်နေတဲ့ အခုလိုအချိန်မှာ ဘယ်သူမှစိတ်မဝင်စားဘူး။ ရုန်းကန်နေရတယ်၊ သွားတဲ့သူတွေက စစ်တပ်ထောက်ခံတဲ့သူပဲ သွားမယ်။” 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲကို ဘယ်နေ့လုပ်ပေးမယ်ဆိုတာ

အတိအကျ မကြေညာထားပေမဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယဥ်ပြိုင်ဖို့ လျှောက်ထားတဲ့ပါတီ ၆၃ ပါတီရှိပြီး မှတ်ပုံတင်ခွင့်ပြုချက်ကျပြီးတဲ့ပါတီ ၄၂ ပါတီရှိတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013