DVB Logo
Home
အားကစား
လူတန်၊ ဘန်လေနှင့် ရှက်ဖီးလ်တို့ တန်းမဆင်းအောင် စွမ်းဆောင်နိုင်ပါက အံ့အားသင့်စရာ ဖြစ်မည်ဟု သုံးသပ်
DVB
·
December 11, 2023
လူတန်၊ ဘန်လေနှင့် ရှက်ဖီးလ်တို့ တန်းမဆင်းအောင် စွမ်းဆောင်နိုင်ပါက အံ့အားသင့်စရာ ဖြစ်မည်ဟု သုံးသပ်
Donate to DVB

ပရီးမီးယားလိဂ်တန်းတက်အသင်းတွေ ဖြစ်ကြတဲ လူတန်တောင်း၊ ဘန်လေနဲ့ ရှက်ဖီးလ်အသင်းတို့  အနေနဲ့ တန်းဆင်းမှုကို ရှောင်နိုင်ခဲ့မယ်ဆိုရင် အံ့အားသင့်စရာဖြစ်ကြောင်း ဘောလုံးသုံးသပ် တင် ဆက်သူ ဂျေမီရက်ဒ်နပ်က ပြောသွားပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ အပြီးမှာ အဆိုပါ တန်းတက် အသင်းသုံးသင်းက အမှတ်ပေးဇယားအောက်ဆုံးမှာ ရပ်တည်နေပြီး တခြားအသင်းတွေနဲ့ ခြေစွမ်း ကွာဟချက်ရှိနေဆဲ ဖြစ်နေတာပါ။

အဲဒီအသင်းသုံးသင်းအနေနဲ့ ခရစ္စတယ်ပဲလေ့၊ နော်တင်ဟမ်ဖောရက်စ်နဲ့ ဘုန်းမောက် အသင်းတွေကိုပါ တန်းဆင်းဇုန်ထဲရောက်ရှိအောင် စိန်ခေါ်သွားရမှာ ဖြစ်ပြီး ဝုဗ်နဲ့ အဲဗာတန်အသင်းတွေကတော့ ပိုကောင်းတဲ့အသင်းတွေဖြစ်တယ်လို့ ရက်ဒ်နပ်ကပြောပါတယ်။

တန်းတက်သုံးသင်းသာ တန်းမဆင်းရအောင်စွမ်းဆောင်နိုင်မယ်ဆိုရင် ဘောလုံးမှာ အံ့အားသင့်စရာ တစ်ခုဖြစ်လာနိုင်ပေမဲ့ အဲဒီလိုစွမ်းဆောင်နိုင်ဖို့ ခက်ခဲကြောင်း ကစားသမားဟောင်းလည်းဖြစ်တဲ့ ဂျေ မီရက်ဒ်နပ်က ပြောသွားပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013