DVB Logo
Home
မြန်မာသတင်း
မုန်းမြို့တိုက်ပွဲ၌ စစ်တပ်က အလံဖြူထောင်ပြီးမှ ပြန်တိုက်ခိုက်ရန်ကြိုးစားသဖြင့် ပစ်ခတ်ရှင်းခဲ့ရ ဟု အထူးကွန်မန်ဒိုတပ် ထုတ်ပြန် 
DVB
·
December 10, 2023
မုန်းမြို့တိုက်ပွဲ၌ စစ်တပ်က အလံဖြူထောင်ပြီးမှ ပြန်တိုက်ခိုက်ရန်ကြိုးစားသဖြင့် ပစ်ခတ်ရှင်းခဲ့ရ ဟု အထူးကွန်မန်ဒိုတပ် ထုတ်ပြန် 
Donate to DVB

ပဲခူးတိုင်း၊ မုန်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေက အလံဖြူထောင်ပြီးမှ အလစ်အငိုက် ပြန်တိုက်ခိုက်ဖို့ ကြိုးစားတာ‌ကြောင့် အားလုံးကို ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ တောင်ပိုင်းတိုင်း အထူးကွန်မန်ဒို တပ်ရင်းရုံးက ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂ ရက် ညကစပြီး ကျောက်ကြီးမြို့နယ်၊ မုန်းမြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးတပ်တွေက ဆင်နွှဲခဲ့ကြပြီး ဒီဇင်ဘာ ၃ ရက်နေ့မှာတော့ တပ်ရင်း ၅၉၀ ရဲ့ ဗဟိုကင်းတခုပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။

အဲဒီလို ပိတ်မိနေချိန်မှာ အရာရှိ ၁ ယောက်အပါအဝင် စစ်သား ၆ ယောက်က အလံဖြူထောင်ပြီး ထွက်လာခဲ့ဘို့ အလံဖြူထောင်လက်နက်ချမဲ့သူတွေကို မပစ်ခတ်ဘဲ စောင့်နေခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်သား ၅ ယောက်ဟာ အနီးက လက်နက်တိုက်ထဲကို ပြေးဝင်သွားပြီး ကျည်ပုံးတွေ၊ ပစ္စည်းတွေ ထမ်းပြီး ဗဟိုကင်းထဲကို ပြန်ပြေးဝင်ပြီး ခုခံကာကွယ်ဖို့ ပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် PDF တပ်ဖွဲ့ဝင်တွေက လူ့ဂုဏ်သိက္ခာ၊ စစ်သုံ့ပန်း ဥပဒေအရ ကောင်း‌ကောင်းမွန်မွန် စည်းစောင့်ထိန်းခဲ့ပေမဲ့ စစ်တပ်ဘက်က သိက္ခာမဲ့ပြီး အလံဖြူကိုအသုံးချလာတာ‌ကြောင့် အားလုံးကို ပစ်ခတ်တိုက်ခိုက်ရှင်းလင်းလိုက်ရပြီး စခန်းကို သိမ်းပိုက်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

CDM တပ်ကြပ်ကြီးတယောက်က "ဘယ်လိုပြောမလဲဗျာ။ စစ်ပွဲတခုရဲ့ စစ်ပရိယာယ်ပဲ ဆိုရမှာပဲဗျ။ အဲအခုဖြစ်စဉ်ကတော့ မြန်မာ့တပ်မတော်သမိုင်းမှာတော့ တော်တော်အောက်တန်း ကျတဲ့ လုပ်ရပ်လို့ ပြောရလိမ့်မယ်။ ဒီစစ်ခေါင်းဆောင်လက်ထက်ကျကာမှ မနိုင်မှန်းသိတော့ ဆွဲမိဆွဲရာ ဆွဲကုန်တာ။ ကျနော်လည်း စစ်ပွဲပေါင်းများစွာတိုက်ဖူးပါတယ်။ ဒီလိုလုပ်ရပ်က တကယ်ဆို စစ်ပရိယာယ်လို့တောင်ပြောလို့မရဘူး။ အောက်တန်းကျတဲ့ လုပ်ရပ်တခုပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒါက ပထမဦးဆုံးအကြိမ်လည်း မဟုတ်ဘူး။ ရွှေကုက္ကိုလ်မှာ ပထမဆုံး စစ် စ ဖြစ်တော့ ဗျူဟာမှူး အယ်စေးဝါးဦးဆောင်တဲ့ lion bettlelion စစ်ကြောင်းတုန်းကလည်း BGF နဲ့ စစ်တပ်က အခုလိုပုံစံမျိုးပဲ လှည့်စားဖူးတယ်။ အဲတခေါက်ကလည်း ပရိယာယ်မိတော့ ကိုယ့်ဘက်က အကျအဆုံး တအားများတယ်။ ဆိုတော့ ကျနော်တို့ CDM ဖိတ်ခေါ်တာတွေကို ရုပ်သိမ်းရမဲ့ အခြေအနေဖြစ်လာပြီလို့ ပြောချင်တယ်။ ယခင်က CDM ဘက်ပြောင်းတယ်ဆိုတာဟာ စစ်ဗျူဟာတခုအနေနဲ့ အသုံးဝင်ခဲ့ပေမဲ့ အခုချိန်မှာ လက်မခံသင့်တော့ဘူး" လို့ ပြောပါတယ်။

အဲဒီ တပ်ရင်း ၅၉၀ စခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား အလောင်း ၇၀ ကျော်နဲ့ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရရှိခဲ့တယ်လို့လည်းဆိုပြီး တပ်ရင်းမှာ PDF အလံလွှင့်ထူတဲ့ ဗွီဒီယိုကိုလည်း ဒီမနက်မှာ ထုတ်ပြန်လာပါတယ်။

CDM တပ်ကြပ်ကြီးတယောက်က "PDF တွေအနေနဲ့ ပိုပြီး ဂရုစိုက်သတိထားတော့မှာပေါ့။ အလံဖြူထောင်ရုံတင်မဟုတ်ဘဲ လက်နက်လွှင့်ပစ်ပြီးမှ တွေ့ဆုံတာမျိုးပေါ့။ သုံ့ပန်းကျ လက်မခံလို့ မရပြန်ဘူးလေ။ ဂျနီဖာကွန်းဗင့်တွေအရရှိသေးတာကို" လို့ ပြောပါတယ်။

မုန်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် သေဆုံးပြီး လက်နက်ချလာသူ ဗိုလ်မှူး ၁ ယောက်၊ ဗိုလ်ကြီး ၂ ယောက်အပါအဝင် စစ်သား ၂၁ ယောက်နဲ့ သူတို့ မိသားစုဝင်  ၅၈ ယောက်ကို ကျင့်ဝတ်နဲ့အညီ ထိန်းသိမ်းထားတယ်လို့ တောင်ပိုင်းတိုင်း စစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲက ဒီဇင်ဘာ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မုန်းမြို့သိမ်းတိုက်ပွဲထဲမှာ လက်နက်ချတဲ့ စစ်သားတွေရှိရာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်လို့ စစ်သားတယောက်ရဲ့ ဇနီး သေဆုံးခဲ့ပြီး သူ့ရဲ့ လသားအရွယ်ကလေးငယ်တွေကို PDF တွေက ကယ်ဆယ်စောင့်ရှောက်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013