DVB Logo
Home
မြန်မာသတင်း
မင်းလှမြို့နယ်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်နှင့် မုန်းမြို့ ကော့ပြင်းတပ်စခန်း တိုက်ခိုက်ခံရ
DVB
·
December 10, 2023
မင်းလှမြို့နယ်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်နှင့် မုန်းမြို့ ကော့ပြင်းတပ်စခန်း တိုက်ခိုက်ခံရ
Donate to DVB

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပဲခူးရိုးမ စမ်းဘုတ်ကျေးရွာထိပ်မှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်စခန်းကို ဒီဇင်ဘာ ၈ ရက်ည ၈ နာရီလောက်က စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဆီကနေ သိရပါတယ်။ 

အဲဒီ ဂိတ်စခန်းက စစ်ကောင်စီဘက်ကအင်အား ၁၅ ဦးနဲ့ အခိုင်အမာ တပ်စွဲထားတာဖြစ်ပြီး အခုလိုညဘက် အလစ်ငိုက်ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၃ ယောက်သေသွားတယ်လို့ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅  တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ စီးနင်းတိုက်ခိုက်မှုမှာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ရဲတပ်သား ကောင်းမိုးထက် (လ-၂၆၅၇၉၄)နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးတို့ နေရာတွင် ပွဲချင်းပြီး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပေမဲ့ ထိခိုက်ကျဆုံး အရေအတွက်ကို သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

စစ်ကောင်စီရဲ့ တပ်ဖွဲ့ဘက်က မိုဘိုင်းဖုန်း ၂ လုံး၊ ဓာတ်မီး ၂ လက်၊ ငွေသား ၂၀၀၀၀ ကျပ်၊ သက်သေခံကတ်ပြား ၇ ခုနဲ့  ကျည် ၁၇ တောင့်တို့ကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့၊  ကော့ပြင်းတပ်စခန်းကိုလည်း ဒီဇင်ဘာ ၇  ရက်၊ နေ့လယ် ၁၂ နာရီလောက်က   ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်အင်အား ၃၀ လောက် အထိုင်ချ တပ်စွဲထားတဲ့ ကော့ပြင်းတပ်စခန်းကို   ထိုးစစ်ဆင်တိုက်ခိုက်ချေမှုန်းခဲ့တာမှာ တိုက်ပွဲစတင်တာနဲ့  စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ထွက်ပြေးသွားခဲ့လို့ စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့   တောင်ပိုင်းစစ်ဒေသခွဲကနေ သိရပါတယ်။

ကော့ပြင်းတပ်စခန်းကနေ MA-3 (၃) လက်၊ ပစ္စတို ၁ လက်၊ ၆၀ မမ မော်တာ ၁ လက် သိမ်းဆည်းရမိခဲ့ပြီး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်အားလုံး အထိအခိုက်မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်တော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013