DVB Logo
Home
အားကစား
လီဗာပူးအသင်း အောင်မြင်မှု တခုခု လုပ်ပြနိုင်မည်ဟု မိုဆာလာ ပြော
DVB
·
December 10, 2023
လီဗာပူးအသင်း အောင်မြင်မှု တခုခု လုပ်ပြနိုင်မည်ဟု မိုဆာလာ ပြော
Donate to DVB

အခုနှစ်ဘောလုံးရာသီမှာ လီဗာပူးအသင်း အောင်မြင်မှု တခုခု လုပ်ပြနိုင်လိမ့်မယ်လို့ မိုဆာလာက ယုံကြည် နေပါတယ်။ 

လီဗာပူးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့အသင်းနဲ့ပွဲစဉ်မှာ  ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး  အမှတ်ပေးဇယားထိပ်ကို ပြန်ရောက်လာပြီးနောက် တိုက်စစ်မှူး ဆာလာက အခုလို ပြောကြားလိုက်တာပါ။ 

ဆာလာဟာ မနေ့ညက ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့အသင်းနဲ့ပွဲစဉ်မှာ ဦးဆောင်ဂိုး သွင်းခဲ့သလို ပွဲပြီးခါနီး အနိုင်ဂိုးအတွက်လည်း ပေးပို့မှု လုပ်ခဲ့တာပါ။ 

ဆာလာဟာ သွင်းဂိုးဟာ လီဗာပူးကစားသမားဘ၀ သွင်းဂိုး ၂၀၀ ပြည့်မြောက်ခဲ့သလို ပရီးမီးယားလိဂ် သွင်းဂိုး ၁၅၀ ပြည့် မြောက်တဲ့ သွင်းဂိုးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ 

ပဲလေ့နဲ့ပွဲမှာ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင် စိတ်ဓာတ်ကို မြင်တွေ့ခဲ့ရပြီး ဒီရာသီမှာ အောင်မြင်မူ တခုခု လုပ်ပြနိုင်လိမ့်မယ်လို့ ဆာလာက ပြောပါတယ်။ 

ကစားသမားသစ် ၆ ဦး ၇ ဦးလောက် ရောက်ရှိလာတာဖြစ်လို့ အသင်းသစ် တသင်းလို ဖြစ်နေပေမဲ့ အားလုံးက သင်ယူလေ့လာလိုစိတ် ရှိကြတာကြောင့် ကောင်းမွန်တဲ့ ကစားသမားတွေ ဖြစ်တယ်လို့ လည်း ဆာလာက ပြောပါတယ်။ 

ဆာလာဟာ  လီဗာပူးနဲ့ စုစုပေါင်း ၃၂၇ ပွဲအထိ ကစားအပြီးမှာ သွင်းဂိုး ၂၀၀ ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013