DVB Logo
Home
မြန်မာသတင်း
ပုသိမ်ထောင်မှ စစ်ပြေးအကျဉ်းသား ၁၀၀ ကျော်ကို စစ်ကောင်စီ ခေါ်ထုတ်
DVB
·
December 8, 2023
ပုသိမ်ထောင်မှ စစ်ပြေးအကျဉ်းသား ၁၀၀ ကျော်ကို စစ်ကောင်စီ ခေါ်ထုတ်
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့အကျဉ်းထောင်မှာ စစ်စည်းကမ်းနဲ့ အရေးယူခံထားရတဲ့ စစ်ပြေးအကျဉ်းသား ၁၀၃ ဦးကို ဒီဇင်ဘာ ၇ ရက်မှာ က စစ်မှုထမ်းခိုင်းဖို့ စစ်ကောင်စီ ပြန်လည်ခေါ်ထုတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုသိမ်အကျဉ်းထောင်ကို စစ်ကောင်စီ ဗိုလ်မှူးအောင်နိုင်ထူးနဲ့အဖွဲ့ဟာ လုံခြုံရေး DC ကား ၃ စီး၊ ပွိုင့်ကား ၁ စီး၊ စစ်ဖောကား ၄ စီးနဲ့ ဒီဇင်ဘာ ၇ ရက် မနက်ပိုင်းက ရောက်ရှိလာပြီး စစ်စည်းကမ်းနဲ့ အရေးယူထားတဲ့ စစ်ပြေးအကျဉ်းသား ၁၀၃ ဦးကို ‌အနောက်တောင်တိုင်း စစ်ဌာနချုပ်ထဲ ခေါ်‌ဆောင်သွားပါတယ်။

‌ပုသိမ်ဒေသခံတဦးက “တောင်ပေါ်နတခကနေ လုံခြုံရေးကား ၃ စီးရယ်၊ ပွိုင့်ကား ၁ စီးရယ်၊ စစ်ဖောကား ၄ စီးရယ် ပုသိမ်အကျဉ်းထောင်ကို ရောက်လာပြီး နာရီပိုင်းအကြာမှာပဲ စစ်ပြေးအကျဥ်းသားတွေကို ခေါ်ထုတ်သွားတယ်။ သူတို့ကို ကမ်းနားလမ်းအတိုင်း တောင်ပေါ် နတခကို ခေါ်သွားတယ်” လို့ ပြောပါတယ်။

ပုသိမ်အကျဉ်းထောင်မှ စစ်ပြေးအကျဉ်းသား ၁၀၃ ဦး၊ ငပုတောအကျဉ်းစခန်းမှ စစ်ပြေးအကျဉ်းသား ၄ ဦး အပါအဝင် ဧရာဝတီတတိုင်းလုံးအနေနဲ့ စစ်ပြေးအကျဉ်းသား ၁၅၀ နီးပါးကို တာဝန်ပြန်ထမ်းဆောင်ဖို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်ထဲ ခေါ်ဆောင်သွားခဲ့တယ်လို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“အမျိုးသားနေ့ကို အကြောင်းပြပြီး စစ်စည်းကမ်းဥပဒေနဲ့ အရေးယူခံထားရတဲ့ ပုသိမ်အကျဉ်းထောင်က ၁၀၃ ဦး၊ ငပုတောအကျဉ်းစခန်းက ၄ ဦးနဲ့ ကျန်တဲ့ခရိုင်တွေနဲ့ဆို စုစုပေါင်း ၁၅၀ နီးပါးလောက်ကို အကျဉ်းထောင်တွေကနေ တောင်ပေါ်နတခကို ခေါ်ထုတ်သွားတယ်။ အရွယ်ကောင်းတွေကြီးပဲ ခေါ်ထုတ်သွားတာ။ ပြီး ရာထူးတဆင့်တိုးနဲ့ တာဝန်ပြန်ထမ်းဆောင်ခိုင်းတာပါ။ အဓိကက သူတို့မှာ စစ်သားအင်အား နည်းနေလို့ပါ။”

နိုင်ငံတဝန်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျဆုံးတာ၊ အလင်းဝင်တာ၊ သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတာ များပြားလာနေတဲ့အတွက် ထောင်တွေမှာ အကျဉ်းကျနေတဲ့ စစ်ပြေးအကျဉ်းသားတွေကို တပ်သားအနေနဲ့ ပြန်လည်အသုံးပြုလာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013