DVB Logo
Home
အားကစား
နည်းပြတန်ဟတ်ဂ်နောက်တွင်  မန်ယူအသင်းသားအားလုံးရှိနေဟု အမ်မရာဘတ်ပြော
DVB
·
December 8, 2023
နည်းပြတန်ဟတ်ဂ်နောက်တွင်  မန်ယူအသင်းသားအားလုံးရှိနေဟု အမ်မရာဘတ်ပြော
Donate to DVB

နည်းပြတန်ဟတ်ဂ်ရဲ့နောက်မှာ မန်ယူအသင်းသားတွေအားလုံးရှိနေကြောင်း ကွင်းလယ် ကစားသမား အမ်မရာဘတ်က ပြောသွားပါတယ်။

မန်ယူအသင်းဟာ ချဲလ်ဆီးအသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မတိုင်ခင်က အသင်းသားတွေကြားမှာ နည်းပြတန်ဟတ်ဂ်အပေါ် အမြင်မကြည်လင်မှုတွေရှိနေကြောင်း သတင်းထွက်ပေါ်ခဲ့တာပါ။

ဒါပေမဲ့ ချဲလ်ဆီးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ နည်းပြ တန်ဟတ်ဂ်ရဲ့ နောက်မှာ အသင်းသားအားလုံးရှိနေကြောင်း အမ်မရာဘတ်က ပြောခဲ့တာပါ။

နည်းပြ တန်ဟတ်ဂ်က နှစ်သက်စရာကောင်းတဲ့ နည်းပြဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး နည်းပြတစ်ဦးဖြစ်ကြောင်း၊ နည်းပြရဲ့အနောက်မှာ အသင်းသားအားလုံးရှိနေကြောင်း အမ်မရာဘတ်က ပြောသွားပါတယ်။

မန်ယူအသင်းဟာ ချဲလ်ဆီးကို အနိုင်ရခဲ့တာနဲ့အတူ  အမှတ်ပေးဇယားမှာ အဆင့် ၆ နေရာအထိတက်လှမ်းလာခဲ့ပြီး အဆင့် ၄ က လက်ရှိချန်ပီယံ မန်စီးတီးအသင်းနဲ့ ၃ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013