DVB Logo
Home
မြန်မာသတင်း
ထန်တလန်က တော်လှန်ရေးအင်အားစုများ ကိုယ်ပိုင်အင်တာနက် အသုံးပြု
DVB
·
December 7, 2023
ထန်တလန်က တော်လှန်ရေးအင်အားစုများ ကိုယ်ပိုင်အင်တာနက် အသုံးပြု
Donate to DVB

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်က တော်လှန်ရေးအင်အားစုတွေ ကိုယ်ပိုင်ကြိုးမဲ့ကွန်ရက် အင်တာနက် အသုံးပြုနေကြပြီလို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လက်အောက်က နည်းပညာအထောက်အကူပြုဌာန ZNET အဖွဲ့ထံက သိရပါတယ်။

၂၀၂၂ ခုနှစ် ဩဂုတ် ၁ ရက်ကစတင်ပြီး ကိုယ်ပိုင်ကြိုးမဲ့ကွန်ရက် အင်တာနက်ကို အသုံးပြုနိုင်ခဲ့တာဖြစ်ပြီး အသုံးပြုတဲ့ ၁ နှစ်နဲ့ ၄ လတာအတွင်း လက်ရှိအချိန်ထိ ကုန်ကျငွေ သိန်း ၁,၄၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

အင်တာနက်မြန်နှုန်း 20 Mbps ရှိပြီး ထန်တလန်ဒေသက တော်လှန်ရေးအင်အားစုတွေရဲ့ တပ်ရင်းစခန်း၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ရုံးတွေကို ဖြန့်ဝေပေးထားတယ်လို့ သိရပါတယ်။

ထန်တလန်တမြို့နယ်လုံး အတိုင်းအတာနဲ့ ၃၀ ရာခိုင်နှုန်းလောက်ကို ပေးဝေထားပြီး အသုံးပြုသူ ၁,၀၀၀ နီးပါးရှိတယ်လို့ ZNET အဖွဲ့ကနေ သိရပါတယ်။

၂၀၂၄ ခုနှစ်အတွင်းမှာတော့ ထန်တလန်မြို့နယ်ရဲ့ ၅၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ ပေးဝေဖို့ စီစဉ်ထားပြီး မြို့နယ်ရဲ့ ကျန်ရှိနေတဲ့ နေရာတွေကို ပေးဝေနိုင်ဖို့ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ လောက် လိုအပ်နေတယ်လို့ သိရပါတယ်။

ZNET အဖွဲ့တာဝန်ရှိသူက “အခက်အခဲလို့ ပြောရရင်တော့ အဓိက ငွေကြေးအထောက်အပံ့ပါပဲ။ နည်းပညာ အခက်အခဲကတော့ အရမ်းမရှိဘူး။ ကျနော်တို့မှာ Team ရှိတယ်၊ အင်ဂျင်နီယာတွေရှိတယ်။ ငွေကြေးအထောက်အပံ့ကို ကျနော်တို့ လိုအပ်နေတယ်။ ကျန်တဲ့နေရာတွေကို ကျနော်တို့ ဆက်လက်ကြိုးစားပြီးတော့မှ ပြည်သူ့အုပ်ချုပ်ရေးရယ်၊ ဒေသကာကွယ်ရေးအဖွဲ့တွေရယ် နောက်ပိုင်းမှာ ပြည်သူတွေကို share ပေးဖို့ စီစဉ်ထားပါတယ်။ ကျနော်တို့အတွက် ငွေကြေးက အဓိကစိန်ခေါ်မှု ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

ထန်တလန်မြို့ကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် စက်တင်ဘာလကတည်းက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး ပြည်တွင်းဖုန်းလိုင်း ပြန်လည်အသုံးပြုနိုင်ဖို့ မသေချာတဲ့အတွက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့လက်အောက်က နည်းပညာအထောက်အကူပြု ဌာန ZNET က ကြားကာလ ဆက်သွယ်ရေးအတွက် ဦးစားပေး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013