DVB Logo
Home
မြန်မာသတင်း
တနင်္သာရီ ထုံခါရဲဘက်အကျဉ်းစခန်း မီးရှို့ဖျက်ဆီးခံရ
DVB
·
December 5, 2023
တနင်္သာရီ ထုံခါရဲဘက်အကျဉ်းစခန်း မီးရှို့ဖျက်ဆီးခံရ
Donate to DVB

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထုံခါကျေးရွာမှာရှိတဲ့ ဆင်ဖြူရှင် ၄ အလုပ်ကြမ်းစခန်းကို တောင်ပိုင်းညီနောင်များစစ်ကြောင်းကနေ ဒီဇင်ဘာ ၃ ရက် မနက် ၁၂ နာရီဝန်းကျင်လောက်မှာ သွားရောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ခွပ်ဒေါင်းတမန်စစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံဆီကနေ သိရပါတယ်။

အဆိုပါ ရဲဘက်အကျဉ်းစခန်းမှာရှိတဲ့ အကျဉ်းသား၊ ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ အကုန်လုံး ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်ကတည်းက မြိတ်မြို့နယ်ရှိ ကျောက်ဖြူတောင် ရဲဘက်စခန်းကို အကုန်ရွှေ့ပြောင်းလိုက်တာဖြစ်တယ်လို့ သိရပြီး ဘာကြောင့် ရွှေ့ပြောင်းခဲ့လဲ ဆိုတာတော့ သေချာမသိရသေးဘူးလို့ တာဝန်ခံက ပြောပါတယ်။

ခွပ်ဒေါင်းတမန် ပြန်ကြားရေးတာဝန်ခံတဦးက “မီးသွားမရှို့ခင် အရင်တပတ်လောက်တည်းက သူတို့က ကျောက်ဖြူတောင်စခန်းဘက်ကို ပြောင်းရွှေ့သွားတယ်။ သူတို့ ဘာအကြောင်းကြောင့် ဆိုတာတော့ အတိအကျတော့ မပြောတတ်ဘူး။ ပြောင်းရွှေ့ပြီးကတည်းကတော့ မမြင်ရတော့ဘူး။ ပစ်ခတ်မှုတော့ မဖြစ်ခဲ့ပါဘူး။ အခြေအနေက အေးအေးဆေးဆေးနဲ့ပဲ လုပ်နိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

အဲဒီအကျဉ်းစခန်းမှာ ထုံခါကျေးရွာကနေ တမိုင်‌ကျော်ကွာဝေးပြီး ထုံခါကျေးရွာနဲ့ ကော့လွန်းကျေးရွာကြားမှာ ရှိကာ စစ်ကောင်စီတပ်သားတွေ မကြာခဏ လာရောက်စခန်းချ နေထိုင်လေ့ရှိတဲ့အပြင် အကျဉ်းသား၊ ဝန်ထမ်းနဲ့ မိသားစုဝင်တွေ အကုန် ပြောင်းရွှေ့ကုန်ကြပြီးနောက်မှာလည်း လာရောက် ကင်းပုန်းဝပ်လေ့ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စခန်းကိုမီးရှို့ခဲ့ရာမှာ အုတ်နဲ့ဆောက်လုပ်ထားလို့ မီးမလောင်နိုင်တဲ့ အဆောက်အအုံ ၂ ခု၊ ၃ ခုလောက်ကလွဲပြီး ကျန်တဲ့အဆောက်အအုံတွေမှာ အကုန်မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အဲဒီမီးရှို့ဖျက်ဆီးတာကို တောင်ပိုင်းညီနောင်များစစ်ကြောင်း (SAB) ဖြစ်တဲ့ ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်း၊ KTLA ထီးစယ်မယ်ယွာတပ်ရင်း၊ ခွဲ ၃ နဲ့ People Liberation Army (PLA) တို့ကနေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တောင်ပိုင်းညီနောင်များစစ်ကြောင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်ကစပြီး တရားဝင်ဖွဲ့စည်းထားတဲ့ စစ်ကြောင်းတခုဖြစ်ပြီး စစ်ရေး‌တွေ လုပ်‌ဆောင်နေတာလည်း ဖြစ်ပါတယ်။

တနင်္သာရီတိုင်းထဲက မြိတ်ခရိုင်အတွင်းမှာ ရဲဘက်အကျဉ်းစခန်း ၃ ခုရှိပြီး မြိတ်မြို့နယ်က ကျောက်ဖြူတောင်အလုပ်ကြမ်းစခန်း၊ တနင်္သာရီမြို့နယ်က ထုံခါရဲဘက်စခန်းလို့ အသိများတဲ့ ဆင်ဖြူရှင် အလုပ်ကြမ်းစခန်းနဲ့ ပုလောမြို့နယ်က နတ်စင်ကုန်း အလုပ်ကြမ်းစခန်းတို့ ဖြစ်ပါတယ်။

အဲဒီရဲဘက်အကျဉ်းစခန်း ၃ ခုထဲကမှ တနင်္သာရီမြို့နယ် ထုံခါရဲဘက်အကျဉ်းစခန်းမှာ စစ်သားတွေ ကင်းပုန်းလာဝပ်လေ့ရှိပြီး ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိတဲ့ အလုပ်ကြမ်းစခန်းလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013