DVB Logo
Home
မြန်မာသတင်း
မုန်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို KNLA နှင့်ပူးပေါင်းအဖွဲ့ သိမ်းပိုက်
DVB
·
December 4, 2023
မုန်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို KNLA နှင့်ပူးပေါင်းအဖွဲ့ သိမ်းပိုက်
1 / 2
Donate to DVB

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ပေါ်ရှိ အာဏာသိမ်းကောင်စီတပ်စခန်းအားလုံးအား KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီလို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကေအန်ယူ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ တပ်မဟာ ၃၊ မူး(မုန်း)မြို့ပေါ်ရှိ စစ်ကောင်စီ ခမရ ၅၉၉၊ ခမရ ၅၉၀၊ မုန်းမြို့မ ရဲစခန်းနဲ့ တံတားထိပ်ဂိတ်စခန်းတို့အား သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါစခန်းတွေကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) လက်အောက်ခံတပ်ရင်း တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဒီဇင်ဘာ ၂ ရက် ည ၁၁ နာရီ မိနစ် ၄၀ လောက်က စတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၄ ရက် ဒီနေ့ ညနေ ၅ နာရီခွဲမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စခန်းအားလုံးကို သိမ်းပိုက်ရရှိခဲ့ပြီးနောက် KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်အင်အား ၁၅၀၀ လောက်က နယ်မြေ ရှင်းလင်းရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။

အဆိုစခန်းတွေရှိ စစ်ကောင်စီတပ်တွေဟာ ပြည်သူလူထုအား ပစ်မှတ်ထားပြီး ကျေးရွာတွေနဲ့ လုပ်ကိုင်စားသောက်တဲ့ လုပ်ငန်းခွင်တွေကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပြည်သူအများအပြား သေဆုံးဒဏ်ရာရရှိခဲ့ကြပြီး လုပ်ငန်းခွင်ဝင်ရောက်ဖို့လည်း အခက်အခဲကြုံနေကြရတာကြောင့် KNIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ချေမှုန်းရတာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စခန်းသိမ်းတိုက်ပွဲတွေမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်မှ တပ်ရင်းမှူး အဆင့်အပါအဝင် အများအပြား လက်နက်ချ အညံ့ခံခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013