DVB Logo
Home
မြန်မာသတင်း
ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ပြန်စတင်၊ စစ်တပ်က ပေါင် ၅၀၀ ဗုံး ၈ လုံးကြဲချ
DVB
·
December 4, 2023
ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ပြန်စတင်၊ စစ်တပ်က ပေါင် ၅၀၀ ဗုံး ၈ လုံးကြဲချ
Donate to DVB

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ထီးချိုင့်မြို့နယ် ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာ ၁ ရက်က ပြန်လည်စတင်နေပြီး စစ်ကောင်စီလေတပ်က တိုက်ပွဲဖြစ်ပွားနေတဲ့ ထီးချိုင့်မြို့ထဲကို နေ့တိုင်း လေကြောင်းတိုက်ခိုက်နေတယ်လို့ ထီးချိုင့်မြို့နယ် ပ.က.ဖ ကနေသိရပါတယ်။

မြို့သိမ်းတိုက်ပွဲ ပြန်လည်စတင်တဲ့နေ့ကစပြီး နေ့စဉ်နေ့တိုင်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေပြီး သုံးရက်အတွင်း ပေါင် ၅၀၀ ဗုံး ၈ လုံး ကြဲချခဲ့တယ်လို့ ပ.က.ဖ တာဝန်ခံက ပြောပါတယ်။

“တိုက်ပွဲဖြစ်တာက သုံးရက်ထဲရှိသွားပြီ။ ပြန်ပြီးတော့စီးနေပြီ။ လေယာဉ်ကတော့ တရက်ကို နှစ်ကြိမ်လာတယ်။ နေ့လယ် ၁၂ နောက်ပိုင်းမှာ လာပစ်တယ်၊ ပေါင် ၅၀၀ ဗုံးတွေကြဲတယ်။ ဒီသုံးရက်အတွင်းမှာဆိုရင် ၈ လုံးရှိပြီ။ တတိယနေ့မှာတော့ ရဟတ်ယာဉ်နဲ့ လာပစ်နေတယ်။”

ဒီဇင်ဘာ ၃ ရက်နေ့မှာ နိုင်ငံအနှံ့ တိုက်ပွဲတွေပြင်းထန်ပြီး လေကြောင်းတိုက်ခိုက်မှု များပြားတဲ့ အခြေအနေမှာ ထီးချိုင့်မြို့ကိုလည်း တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်တာတွေရှိတယ်လို့ ပ.က.ဖ တာဝန်ခံက ပြောပါတယ်။

“အရင်ရက်တွေကတော့ ဂျက်တိုက်လေယာဉ်နဲ့ လာပစ်တာရှိတယ်။ ဒီနေ့တော့ 35 နဲ့ပဲ လာပစ်သွားတယ်။ တိုက်ပွဲဖြစ်တဲ့နေရာတွေများတော့ ဒီဘက်ကို ဂျက်နဲ့ မလာနိုင်တဲ့ အခြေအနေတွေ ဖြစ်တယ်။ အရင်နေ့တွေဆို ဂျက်လေယာဉ် ၂ စီးနဲ့ နေ့တိုင်းလာပစ်တယ်။ မြစ်ကြီးနားကလာတယ်၊ မြစ်ကြီးနားကမလာရင် တံတားဦးကနေ လာတယ်။”

လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်သူတွေရဲ့ ရှို့မီးတွေကြောင့် ထီးချိုင့်မြို့ပေါ် ရပ်ကွက်က နေအိမ်တွေ မီးလောင်နေပါတယ်။

ထီးချိုင့်မြို့ဘက်ကို သပိတ်ကျင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကနေ တပ်သားတွေကို မြတောင်ဘက်ခြမ်းကနေ စစ်အင်အားပို့ဆောင်နေတာတွေ ရှိတယ်လို့ သိရပါတယ်။

လက်ရှိ ထီးချိုင့်မြို့သိမ်းတိုက်ပွဲ အခြေအနေကတော့ ရလဒ်ကောင်းတွေရှိနေပြီး ထီးချိုင့်မြို့တဝက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်လို့ ပ.က.ဖတာဝန်ခံက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013