DVB Logo
Home
နိုင်ငံတကာ
ဟားမတ်စ်အဖွဲ့၏ ဥမင်လိုဏ်ခေါင်း ၄၀၀ ကျော်ကို အစ္စရေးဖျက်ဆီး
DVB
·
December 4, 2023
ဟားမတ်စ်အဖွဲ့၏ ဥမင်လိုဏ်ခေါင်း ၄၀၀ ကျော်ကို အစ္စရေးဖျက်ဆီး
Donate to DVB

ဂါဇာမြေပြင်စစ်ဆင်ရေးတွေ အောက်တိုဘာ ၂၇ ရက်မှာ စတင်ကတည်းက ခုထိ ဟားမတ်စ်တွေရဲ့ ကြီးမားကျယ်ပြန့်တဲ့ မြေအောက်ဥမင်လိုဏ်ခေါင်းတွေနဲ့ ကတုတ်ကျင်းတွေဆီ ဦးတည်သွားတဲ့ တွင်းခေါင်း ၈၀၀ ကို အစ္စရေးတပ်ဖွဲ့တွေက ရှာဖွေတွေ့ရှိခဲ့ပြီး သူတို့ထဲက ထက်ဝက်ကျော်ကို ဖျက်ဆီးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဒီဇင်ဘာ ၃ ရက်မှာ ပြောလိုက်ပါတယ်။

စစ်သားတွေက ဥမင်လိုဏ်ခေါင်းတွေကို ဖျက်ဆီးနေတာကို ပြသထားပြီး အများစုက စာသင်ကျောင်းတွေ၊ ဗလီတွေ၊ မူကြိုကျောင်းနဲ့ ကလေးကစားကွင်းတွေလို အရပ်သားနေရာတွေမှာ ရှိနေတာကို ပြထားတဲ့ ဗီဒီယိုတွေကို အစ္စရေးစစ်တပ်က တနင်္ဂနွေနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ပါလက်စတိုင်း အစ္စလာမ္မစ်အုပ်စုက ဂါဇာကမ်းမြောင်ဒေသမှာ သီတင်းပတ် ရှစ်ပတ်ကြာ စစ်ပွဲမတိုင်မီက သူတို့မှာ နယူးယောက် မြေအောက်ရထားစနစ်နဲ့ အရွယ်အစားတူညီတဲ့ ကွန်ရက်ဖြစ်တဲ့ ကီလိုမီတာ ရာချီတဲ့ ဥမင်လိုဏ်ခေါင်းတွေ ရှိတယ်လို့ ပြောခဲ့ဖူးပါတယ်။

ဒါကြောင့် ဒီဥမင်လိုဏ်ခေါင်းကွန်ရက်တွေဟာ အစ္စရေးလေတပ်ကနေ ထွင်းဖောက်နိုင်တဲ့ ခဲယမ်းမီးကျောက်တွေနဲ့ တိုက်ခိုက်မှုအတွက် အဓိကပစ်မှတ်တွေ ဖြစ်လာတာပါ။

ဥမင်လမ်းကြောင်းတွေထဲ လောင်းချနိုင်တဲ့ ပေါက်ကွဲစေနိုင်တဲ့ အဆီပျစ်ပျစ်တွေ၊ မြေပုံဖော်နိုင်တဲ့ စက်ရုပ်တွေကို စစ်အင်ဂျင်နီယာတွေက သုံးခဲ့ကြပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013