DVB Logo
Home
နိုင်ငံတကာ
ဆစ်ခ်ခွဲထွက်ရေးသမား ၁ ဦးကို လုပ်ကြံရန် ကြံစည်မှု အမေရိကန် အလေးထားစုံစမ်းနေ
DVB
·
December 2, 2023
ဆစ်ခ်ခွဲထွက်ရေးသမား ၁ ဦးကို လုပ်ကြံရန် ကြံစည်မှု အမေရိကန် အလေးထားစုံစမ်းနေ
Donate to DVB

အမေရိကန်မြေပေါ်မှာ ဆစ်ခ်ခွဲထွက်ရေးသမားတဦးကို လုပ်ကြံသတ်ဖြတ်ဖို့ မအောင်မြင်လိုက်တဲ့ ကြံစည်မှု တခုကို ညွှန်ကြားခဲ့တယ်လို့ စွပ်စွဲခံရသူ အိန္ဒိယအစိုးရအရာရှိတဦးအပေါ် စွပ်စွဲချက်တွေကို အမေရိကန်ပြည်ထောင်စုက အလွန်အလေးအနက်ထား ဆောင်ရွက်နေတယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက နိုဝင်ဘာ ၃၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

လုံခြုံရေးနဲ့ ထောက်လှမ်းရေးဆိုင်ရာ တာဝန်ရှိသူ  အသက် ၅၂ နှစ်ရှိ အိန္ဒိယ အစိုးရဝန်ထမ်း နီခေးလ် ဂု(ပ်)တာ ဟာ အိန္ဒိယမြောက်ပိုင်းရှိ အချုပ်အခြာအာဏာပိုင် ဆစ်ခ်ပြည်နယ်အတွက် ထောက်ခံ အကြံပြုသူ နယူးယောက်စီးတီး မြို့ခံဖြစ်သူကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်ခဲ့ကြောင်း မန်ဟက်တန်ရှိ ဗဟိုအစိုးရ ရှေ့နေတွေက ပြောထားပါတယ်။

အမေရိကန်အစိုးရဟာ ဒီကိစ္စကို အလေးအနက်ထားပြီး စုံစမ်းစစ်ဆေးရေးမှာလည်း ဒီစွပ်စွဲချက်တွေကို အလွန်အလေးအနက်ထား ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

အိန္ဒိယလူမျိုးတွေကလည်း ဒါကို စုံစမ်းစစ်ဆေးဖို့ သူတို့ရဲ့ကိုယ်ပိုင် ကြိုးပမ်းအားထုတ်မှုတွေကို ထုတ်ဖော်ကြေညာ ပြောဆိုနေကြတာတွေကလည်း ဝမ်းသာစရာပါလို့ ဆိုပါတယ်။

ဒီစွပ်စွဲမှုတွေအတွက် တာဝန်ရှိတဲ့ ဘယ်သူ့ကိုမဆို၊ ဘယ်လိုကူညီပေးမှုမျိုးကို မဆို တွေ့မြင်ချင်တယ် ဆိုတာလည်း ရှင်းရှင်းလင်းလင်း သိထားပါတယ်လို့လည်း ဂျွန်ကာဘီ က ပြောပါတယ်။

“အိန္ဒိယဟာ ဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဖြစ် ဆက်ရှိနေတယ်ဆိုတာ သိသာထင်ရှားနေပြီး အမေရိကန်ကလည်း အိန္ဒိယနဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ပြီးတော့ ခိုင်မာစေဖို့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်”လို့ လည်း ဂျွန်ကာဘီက ပြောသွားပါတယ်။ 

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013