DVB Logo
Home
မြန်မာသတင်း
မတ္တရာမြို့နယ်ရှိ စစ်တပ်စခန်းကုန်းကို MDY-PDF သိမ်းပိုက်
DVB
·
November 28, 2023
မတ္တရာမြို့နယ်ရှိ စစ်တပ်စခန်းကုန်းကို MDY-PDF သိမ်းပိုက်
Donate to DVB

မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက စစ်ကောင်စီရဲ့ အခြေစိုက်စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေးနဲ့ TNLAပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး အရှင်ဖမ်းဆီးရမိကာ လက်နက်ကြီး လက်နက်ငယ်အများအပြား သိမ်းတည်းရမိခဲ့တယ်လို့ MDY-PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ပြောပါတယ်။

အဲဒီစခန်းကုန်းကို နိုဝင်ဘာ ၂၇ ရက် မနက် ၈ နာရီလောက် စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲ ၂ နာရီခွဲအကြာ မနက် ၁ဝ နာရီခွဲလောက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကာ လက်နက်ခဲယမ်းတွေ ရရှိခဲ့တာလို့ ဆိုပါတယ်။ 

ကိုအော်စမွန်က "မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီ အခြေစိုက် နေရာယူထားတဲ့ စခန်းကုန်းတွေ ထဲက တခုပါပဲ။ စစ်သုံ့ပန်းဖမ်းဆီးရမိတာ ဒီ ၄ ယောက်နဲ့ဆို ၁၅ ဦးထိ ရှိပြီ။ သုံ့ပန်း ဥပဒေနဲ့အညီ ကောင်းမွန်စွာပဲ ထားတယ်" လို့ ပြောပါတယ်။

တိုက်ပွဲတွင်းမှာ စစ်ကောင်စီဘက်က ငါးကြင်းမြှီးစက်လတ် ၁ လက်အပါအဝင် ဒရုန်းပစ်သေနတ် ၁ လက်၊ ပစ္စတို ၁ လက်နဲ့ MA-3 ၂ လက်၊ MA-11 ၅ လက်၊ MA-1 ၁လက်၊ BA-63(G-3) ၁ လက်၊ BA-72 ၁ လက်တို့နဲ့ စစ်အသုံးအဆောက်ပစ္စည်းတွေ၊၊ ကျည်ဆန်တွေနဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ၁၅ လောင်းတို့ကို သိမ်းဆည်းရမိခဲ့တာပါ။

MDY-PDF တပ်ဖွဲ့ဟာ ၁ဝ၂၇ စစ်ဆင်ရေးစတင်ပြီး နောက်ရက်ကတည်းက တောင်သမန် စစ်ဆင်ရေးအဖြစ် အပြီးသတ်တိုက်ပွဲကို ဆင်နွှဲနေတာဖြစ်ပြီး နိုဝင်ဘာ ၁၉ ရက်ကလည်း နောင်ချိုမြို့နယ်ရှိ လွင်ကြီး အကျဉ်းဦးစီးစခန်း၊ ကြူအင်း အကျဉ်းဦးစီးစခန်း၊ ဟိုခို အကျဉ်းဦးစီး စခန်းနဲ့ ကုန်းစံ အကျဉ်းဦးစီးစခန်း ၄ ခုတို့ကို သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်မျိုးစုံ ၁၀၄ လက်နဲ့ ဆက်စပ်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013