DVB Logo
Home
အားကစား
နာပိုလီတွင် အဆင်မပြေဖြစ်နေသည့်  အိုဆင်ဟမ်ကိုခေါ်ယူရန်  ချဲလ်ဆီးအသင်းကြိုးပမ်းမည်
DVB
·
November 27, 2023
နာပိုလီတွင် အဆင်မပြေဖြစ်နေသည့်  အိုဆင်ဟမ်ကိုခေါ်ယူရန်  ချဲလ်ဆီးအသင်းကြိုးပမ်းမည်
Donate to DVB

နာပိုလီအသင်းမှာ အဆင်မပြေဖြစ်နေတဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်ဟမ်ကို ချဲလ်ဆီးအသင်းက ခေါ်ယူဖို့ ကြိုးပမ်းတော့မှာပါ။

လာမယ့် အပြောင်းအရွှေ့မှာ တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက ဆန္ဒရှိနေပြီး အသင်းဘက်က လိုက်လျောပေးဖို့ရှိပါတယ်။

အိုဆင်ဟမ်ဟာ မနှစ်က ရာသီက ၃၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အခုနှစ်ရာသီမှာတော့ အသင်းနဲ့ အဆင်မပြေမှုတချို့ ဖြစ်ပေါ်လာခဲ့တာပါ။

ဂိုးမသွင်းနိုင်တဲ့အချိန်မှာ တစ်တော့ကနေတဆင့် အသင်းမီဒီယာရဲ့ မလေးမစားလုပ်ရပ်ကြောင့် ပြဿနာဖြစ်ခဲ့ပြီး အဲဒီမီဒီယာသမားကလည်း နောက်ပိုင်းမှာ နုတ်ထွက်ခဲ့ရပါတယ်။

အခုနှစ်ရာသီမှာ ၉ ပွဲကစား ၆ ဂိုးသွင်းထားပေမဲ့ စနေနေ့က ကစားခဲ့တဲ့ အက်တလန်တာနဲ့ ပွဲစဉ်မှာ ပွဲထွက်ခွင့်မရခဲ့ဘဲ လူစားဝင်ကစားခွင့်သာရရှိခဲ့ပါတယ်။

အိုဆီဟမ်ဘက်ကလည်း အသင်းပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားတာကြောင့် ချဲလ်ဆီးဘက်က ပေါင်သန်း ၁၀၀ အထိ ပေးချေမယ်ဆိုရင် အပြောင်းအရွှေ့ ဖြစ်လာနိုင်ကြောင်း မီဒီယာတွေက ခန့်မှန်းသုံသပ်ကြပါတယ်။ 

Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013