DVB Logo
Home
နိုင်ငံတကာ
ဇင်ဘာဘွေ၌ ကာလဝမ်းရောဂါဖြစ်ပွားမှု တိုးလာ
DVB
·
November 25, 2023
ဇင်ဘာဘွေ၌ ကာလဝမ်းရောဂါဖြစ်ပွားမှု တိုးလာ
Donate to DVB

ဇင်ဘာဘွေနိုင်ငံမှာ ကာလဝမ်းရောဂါဖြစ်ပွားမှုက ဒီသီတင်းပတ်မှာ တိုးမြင့်လာပြီးနောက်မှာ အစိုးရဟာ ရောဂါဘေးသင့် ဒေသအားလုံးရှိ သင်္ချိုင်းတွေကို စောင့်ကြည့်နေပြီး လူစုလူဝေး စုရုံးခြင်းနဲ့ အစားအသောက် ရောင်းချခြင်းတွေကို စတင်တားမြစ်လိုက်ပြီဖြစ်ပါတယ်။

လက်ရှိအချိန်အထိ နိုင်ငံအတွင်း ကာလဝမ်းရောဂါ နဲ့ ဆက်နွှယ်နေတဲ့ သေဆုံးသူ ၁၅၅ ဦး ရှိပြီဖြစ်ပြီး ရောဂါဖြစ်ပွားသူ ၈,၇၈၇ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။

အာဏာပိုင်တွေဟာ  ဗိုင်းရပ်စ်ကူးစက်မှု အရေအတွက် အမြင့်ဆုံး ဖြစ်နေတဲ့ မြို့တော် ဟာရာရီမှာ ပြီးခဲ့တဲ့သီတင်းပတ်က အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ 

ကာလဝမ်းရောဂါကြောင့် သေဆုံးခဲ့တဲ့ ၁၃ ဦးထဲက ၇ ဦး နေထိုင်တဲ့  မြို့တော် ဟာရာရီရဲ့ ဆင်ခြေဖုံးရှိ ကူဝဒ်ဇာနာ ဆင်းရဲသားရပ်ကွက်မှ ဒေသခံတွေဟာ ရေသန့် မှန်မှန် မရရှိမှု၊ မသိမ်းဆည်းတဲ့ အမှိုက်တွေနဲ့ လမ်းတွေပေါ်မှာ မိလ္လာအညစ်အကြေးတွေ စီးဆင်းနေမှုတွေနဲ့ ပတ်သက်ပြီး သောကြာနေ့က တိုင်ကြား သတင်းပို့ခဲ့ကြပါတယ်။ 

ဒေသခံအများစုဟာ သူတို့ရဲ့အိမ်သုံးရေ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် ရေတိမ်တွင်းတွေကို တူးဖော်ခဲ့ကြပါတယ်။ 

ဟာရာရီရဲ့  မြူနီစပယ်အာဏာပိုင်တွေဟာ ဝမ်းပျက်ဝမ်းလျှောရောဂါ တိုက်ဖျက်ရေး ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် နေထိုင်သူတွေကို ရေသန့်စင်ဆေးပြားတွေ ဖြန့်ဝေပေးနေပါတယ်။

အာဖရိကနိုင်ငံတောင်ပိုင်းမှာ ကာလဝမ်းရောဂါ အသစ်ဖြစ်ပွားမှုဟာ အခုသီတင်းပတ်မှာ ၄၃၇ ခု ကနေ ၁၂၅၉ ခု အထိ မြင့်တက်လာခဲ့ပါတယ်။ 

ဖေဖော်ဝါရီလမှာ ရေကြောင့်ဖြစ်တဲ့ ရောဂါတွေ စတင်ဖြစ်ပွားပြီးနောက် အကြီးမားဆုံး အရေအတွက်ကို ခုန်တက်သွားတာကြောင့် ၂၀၀၈ ခုနှစ်တုန်းက ကာလဝမ်းရောဂါကြောင့် လူပေါင်း ၄၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ ဇင်ဘာဘွေမှာ ထိတ်လန့်တကြား ဖြစ်နေရပါတယ်။  

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013