DVB Logo
Home
အားကစား
ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် လီဗာပူးနောက်ခံလူ အာနိုးလ် ရည်မှန်း
DVB
·
November 25, 2023
ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် လီဗာပူးနောက်ခံလူ အာနိုးလ် ရည်မှန်း
Donate to DVB

အခုနှစ်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ရည်မှန်းထားကြောင်း လီဗာပူးနောက်ခံလူ အာနိုးလ်က ပြောသွားပါတယ်။

လီပူးအသင်းအနေနဲ့ မနှစ်ကရာသီက ချန်ပီယံဖြစ်ဖို့ လုံလောက်တဲ့ခြေစွမ်းမရှိခဲ့ပေမဲ့ အခုနှစ်ရာသီမှာတော့ ချန်ပီယံဖြစ်နိုင်တဲ့ အခြေအနေရှိနေပြီ ဖြစ်ကြောင်း ဂါးဒီးယန်းသတင်းစာနဲ့ အင်တာဗျူးမှာပြောပါတယ်။

ကွင်းလယ်ပိုင်းမှာကစားသမားသစ်တွေရောက်လာပေမဲ့ အချိန်တိုအတွင်းမှာပဲ အံဝင်ခဲ့ပြီး ရာသီအစပိုင်းမှာပဲ ကောင်းမွန်တဲ့အခြေခံတည်ဆောက်မှုတွေ လုပ်ဆောင်နိုင်ခဲ့ကြောင်း အာနိုးလ်ကပြောပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ပွဲအပြီးမှာ ၈ ပွဲနိုင် ၃ ပွဲသရေ၊ ၁ ပွဲရှုံး နိမ့်ထားပြီး စုစုပေါင်းရမှတ် ၂၇ မှတ်နဲ့ အမှတ်ပေးဇယား ဒုတိယနေ ရာမှာရပ်တည်နေပါတယ်။ 

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013