DVB Logo
Home
မြန်မာသတင်း
မိုးကုတ် စစ်ဆင်ရေးအတွက် ကိုမင်းကိုနိုင်လက်ရာ ပန်းချီကား လေလံတင် ရောင်းချ
DVB
·
November 24, 2023
မိုးကုတ် စစ်ဆင်ရေးအတွက် ကိုမင်းကိုနိုင်လက်ရာ ပန်းချီကား လေလံတင် ရောင်းချ
1 / 3
Donate to DVB

မန္တလေးတိုင်း၊ မိုးကုတ်မြို့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေအတွက် “ကြောင်ကလေးရဲ့ နှလုံးသား”လို့ အမည်ပေးထားတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရဲ့ လက်ရာပန်းချီကားတချပ်ကို လေလံတင်ရောင်းချနေပါတယ်။

ဒီပန်းချီကားကိုတော့ စစ်ကြောင်း ၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃ တို့ ပါဝင်တဲ့ “အိုးစည်တီးသံ မြိုင်စေဖို့… မိုးကုတ်မြေကိုကူကြစို့” အမည်နဲ့ ရဲဘော်တွေအတွက် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်က စတင်ပြီးတော့ လေလံတင်ရောင်းချခဲ့တာပါ။

ဒီလေလံပွဲမှာတော့ ကြမ်းခင်းဈေးအနေနဲ့ နွေဦးတော်လှန်ရေးရဲ့ သင်္ကေတတခုဖြစ်တဲ့ $1111 ကို ဂုဏ်ပြုတဲ့အနေနဲ့ အမေရိကန်ဒေါ်လာ ၁၁၁၁ လို့ သတ်မှတ်ထားတာပဲ ဖြစ်ပါ တယ်။ 

လတ်တလောမှာတော့ စင်ကာပူနိုင်ငံက အလှ (စင်ကာပူ) က အမေရိကန် ဒေါ်လာ ၉,၅၀၀ ထိ အမြင့်ဆုံးလေလံဈေးပေးထားခဲ့တာကို တွေ့ရပါတယ်။

ဒီပန်းချီလေလံပွဲမှ ငွေပေးချေမှုကို DMMK နဲ့ International Currency တွေနဲ့သာ လက်ခံသွားမှာ ဖြစ်ပြီးတော့ နှစ်ဦးနှစ်ဖက် လုံခြုံရေးအရ ပြည်တွင်း Banking တွေ Pay တွေနဲ့ လက်ခံခြင်းမပြုဘဲ လေလံနိုင်တဲ့အခါ ပန်းချီကားကို သက်ဆိုင်ရာ နိုင်ငံအလိုက် အိမ်အရောက်​ပေးပို့သွားမယ်လို့ သိရပါတယ်။

လေလံနောက်ဆုံးပိတ်မယ့် အချိန်ကိုတော့ နိုဝင်ဘာ ၂၅ရက်ည  နာရီလို့ သတ်မှတ်ထား ပြီး လေလံဈေး အများဆုံးပေးနိုင်တဲ့သူက “ကြောင်ကလေးရဲ့ နှလုံးသား” ပန်းချီကားကို လက်ဝယ်ပိုင်ဆိုင်ရမှာမို့ အားလုံးပါဝင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။

ပန်းချီကားလေလံနဲ့ ပတ်သက်ပြီးတော့ နောက်ဆုံးရအသေးစိတ် အချက်အလက်တွေကိုတော့ D-Day တော်လှန်ရေးချန်နယ်ကနေ မျှဝေပေးသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013