DVB Logo
Home
နိုင်ငံတကာ
ဓားစာခံများကို ကြက်ခြေနီအဖွဲ့ သွားရောက်ကြည့်ရှုခွင့်ပြုမည်ဟု အစ္စရေးပြော
DVB
·
November 23, 2023
ဓားစာခံများကို ကြက်ခြေနီအဖွဲ့ သွားရောက်ကြည့်ရှုခွင့်ပြုမည်ဟု အစ္စရေးပြော
Donate to DVB

ဂါဇာမှာ ကျန်ရှိနေသေးတဲ့ ဓားစာခံတွေဆီ ကြက်ခြေနီအဖွဲ့ကို သွားရောက်ကြည့်ရှုခွင့်ပြုမယ်လို့ အစ္စရေး၀န်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု က နိုဝင်ဘာ ၂၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

သဘောတူထားတဲ့ အကြမ်းဖျင်းအချက်အလက်မှာ လူသတ်သမားတွေကို လွှတ်ပေးဖို့ မပါဝင်ကြောင်းနဲ့ ကြက်ခြေနီအဖွဲ့မှ ကိုယ်စားလှယ်တွေ ဓားစာခံတွေဆီ သွားရောက်ပြီး ဆေးဝါးတွေ ပေးတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ 

ဒီသဘောတူညီချက်ရဲ့ အတိအကျအပိုင်းကတော့ ကြက်ခြေနီအသင်းကို ကျန်ရှိတဲ့ ဓားစာခံတွေဆီ သွားရောက်ကြည့်ရှုခွင့်နဲ့ သူတို့တွေကို လိုအပ်တဲ့ဆေးဝါးတွေ ပေးခွင့်ပြုမှာဖြစ်ပြီး၊ ကြက်ခြေနီအဖွဲ့က သူ့အလုပ်သူလုပ်ဖို့ မျှော်လင့်တယ်လို့လည်း နေတန်ယာဟုက ပြောပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ အစ္စရေး လူ့အဖွဲ့အစည်းရဲ့ ခွန်အားကို ပြသနေတဲ့ လက္ခဏာဖြစ်ကြောင်း၊ အစ္စရေးဟာ စစ်ပွဲကို အောင်မြင်နေတာဖြစ်ပြီး ပြီးပြည့်စုံတဲ့အောင်ပွဲ မရသေးမချင်း ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။ 

အစ္စရေးနဲ့ ဟားမတ်စ်တို့ဟာ ဂါဇာမှာ အနည်းဆုံး ၄ ရက်ကြာ အပစ်အခတ်ရပ်စဲဖို့ နိုဝင်ဘာ ၂၂ ရက်က သဘောတူညီခဲ့ကြပြီး ပါလက်စတိုင်းနယ်မြေအတွင်း စစ်သွေးကြွတွေက ဖမ်းဆီးထားတဲ့ ဓားစာခံ အနည်းဆုံး အယောက် ၅၀ လွှတ်ပေးဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးခွင့်ပြုဖို့တွေ ပါဝင်ပါတယ်။ 

ဒါပေမဲ့ အပစ်အခတ် ရပ်စဲရေးကို ဘယ်တော့စတင်မယ်ဆိုတာ မသိသေးဘူးလို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီရယ် ဟာဂါရီက နိုဝင်ဘာ ၂၂ ရက် ညနေ စစ်တပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

နောက်ထပ် ဓားစာခံတွေ လွတ်မြောက်လာရင် အပစ်အခတ်ရပ်စဲရေးကို ထပ်မံသက်တမ်းတိုးနိုင်မယ်လို့ အစ္စရေးက ပြောကြားပြီး ပါလက်စတိုင်း သတင်းရင်းမြစ်တခုကတော့ အခုလကုန် ဓားစာခံ ၁၀၀ လောက်ကို လွှတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013