
၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်၊ အခြေခံပညာအတန်း ကျောင်းတွင်းစစ် နှစ်ဆုံး စာမေးပွဲ စစ်ဆေးတာကို လာမယ့် ဖေဖော်ဝါရီ တတိယအပတ်က စတင်ကျင်းပမယ်လို့ ပညာရေး အသိုက်အဝန်းကန သိရပါတယ်။
၂၀၂၃-၂၄ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲ အခြေခံပညာမူလတန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-5) စာမေးပွဲကို ၂၀၂၄ ခုနှစ် ၂၂ ရက်ကနေ ၂၇ အတွင်းကျင်းပမှာဖြစ်ပြီး အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-9) စာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၈ ရက်အတွင်း ကျင်းပရမှာဖြစ်ပါတယ်။
အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-12)နဲ့ ကျန်ရှိတဲ့ ကျောင်းတွင်း စစ်စာမေးပွဲတွေကို ဖေဖော်ဝါရီ ၁၃ ရက်ကနေ ၂၀ ရက် အတွင်း (တနင်္ဂနွေနေ့မှအပ) ကျင်းပရမှာ ဖြစ်ပါတယ်။
Grade 12 ရဲ့ ဗဟိုအဆင့်စစ်ဆေးမှုကို မတ်လထဲမှာ ကျင်းပမှာဖြစ်ပေမယ့် ဖြေဆိုရမယ့်ရက်ကိုတော့ မသတ်မှတ်ရသေးဘူးလို့ ပညာရေးဌာနက သိရပါတယ်။
အခုပညာသင်နှစ်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသားကျောင်းသူ ၇ သန်းကျော် တက်ရောက်နေပြီး စစ်ကျွန်ပညာရေးကို ဆန့်ကျင်သပိတ်မှောက်တဲ့ အနေနဲ့ စစ်ကောင်စီ ဖွင့်လှစ်တဲ့ ကျောင်းတွေမှာ မတက်တဲ့ ကျောင်းသား ကျောင်းသူတွေလည်း သန်းနဲ့ချီရှိနေပါတယ်။
လက်ရှိ အခြေအနေရ ကျောင်းတွေပိတ်မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် ကောလာလဟတွေသာ ဖြစ်တယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။










