DVB Logo
Home
နိုင်ငံတကာ
တနှစ်တာအကောင်းဆုံး ပေါ့ပ်သီချင်းဆုရှင် ရှာကီရာနှင့် လက်တင်ဂရမ်မီည (ဓာတ်ပုံ)
DVB
·
November 21, 2023
တနှစ်တာအကောင်းဆုံး ပေါ့ပ်သီချင်းဆုရှင် ရှာကီရာနှင့် လက်တင်ဂရမ်မီည (ဓာတ်ပုံ)
1 / 9
Donate to DVB

ကမ္ဘာကျော်ပေါ့ပ်စတား အဆိုတော်တယောက်ဖြစ်တဲ့ ရှာကီရာဟာ နိုဝင်ဘာ ၁၆ ရက်က စပိန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ လက်တင်ဂရမ်မီဆုချီးမြှင့်ပွဲမှာ တနှစ်တာ အကောင်းဆုံး ပေါ့ပ်သီချင်းဆုအပါအဝင် ဆုအများဆုံး သိမ်းပိုက်ရရှိခဲ့သူတွေထဲက တယောက် ဖြစ်ခဲ့ပြီး ဒီအခမ်းအနားကို နာမည်ကျော်ဂီတအနုပညာရှင်တွေ အများအပြား တက်ရောက်ခဲ့ကြပါတယ်။

သူ ဆုရရှိခဲ့တဲ့ BZRP Music Sessions #53 သီချင်းကတော့ သူနဲ့ လမ်းခွဲခဲ့တဲ့ ခင်ပွန်းဟောင်း ဘောလုံးသမား ပီကေးအကြောင်းတွေ ပါဝင်ခဲ့တယ်ဆိုပြီး နာမည်ကြီးခဲ့ပါတယ်။

၂၄ ကြိမ်မြောက် ကျင်းပခဲ့တဲ့ လက်တင်ဂရမ်မီဆုပေးပွဲမှာတော့ Person of the Year ဆု ကို အီတလီအမျိုးသမီး အဆိုတော် Laura Pausini ကို ရွေးချယ်ချီးမြှင့်ခဲ့ပြီး တေးရေးနဲ့ ထုတ်လုပ်သူ Edge ကတော့ ဆန်ခါတင်ဆု အများဆုံးစာရင်းဝင်ခဲ့ပါတယ်။

တေးရေး၊ တေးဆို၊ ထုတ်လုပ်သူအပါအဝင် ဂီတဆိုင်ရာ ဆုတွေကို နှစ်စဉ်ချီးမြှင့်တဲ့ ဒီအခမ်းအနားမှာ အခုနှစ်ရဲ့  ဆုအများဆုံး ရရှိတဲ့ အနုပညာရှင်တွေအဖြစ် ရှာကီရာနဲ့အ တူ Karol G ၊ Natalia Lafourcade ၊ Bizarrap ၊ Edgar Barrera ၊ Santiago Alvarado တို့က ဆု ၃ ဆုစီနဲ့ အများဆုံး သိမ်းပိုက်သွားကြပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013