DVB Logo
Home
နိုင်ငံတကာ
ဂါဇာ၌ အပစ်ရပ်ရေး ပေကျင်းရောက် အာရပ်ဝန်ကြီးများ  တောင်းဆို
DVB
·
November 21, 2023
ဂါဇာ၌ အပစ်ရပ်ရေး ပေကျင်းရောက် အာရပ်ဝန်ကြီးများ  တောင်းဆို
Donate to DVB

ဂါဇာကမ်းမြောင်က ပါလက်စတိုင်းတွေဆီ လူသားချင်းစာနာမှုအကူအညီတွေ ပေးပို့ခွင့်ပြုရေးနဲ့ ရန်လိုမှုတွေ အဆုံးသတ်ရေး တွန်းအားပေးဖို့ ခရီးစဉ်ရဲ့ ပထမဆုံး ခြေလှမ်းအဖြစ် တရုတ်နိုင်ငံ မြို့တော် ပေကျင်းကို ရောက်လာတဲ့ အာရပ်နဲ့ မွတ်စလင်ဝန်ကြီးတွေက ဂါဇာမှာ ချက်ချင်း အပစ်အခတ် ရပ်စဲဖို့ နိုဝင်ဘာ ၂၀ ရက် မှာ တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံထဲက ကိုယ်စားပြုတဲ့ အရာရှိတွေကို တွေ့ဖို့ အာရပ်နဲ့ မွတ်စလင် ကိုယ်စားလှယ်တွေက ရည်မှန်းထားပါတယ်။

အစ္စရေးတွေက သူတို့ကိုယ် သူတို့ ကာကွယ်ဖို့ ပါလက်စတိုင်းတွေကို အရေးယူနေတာလို့ ပြောတဲ့ အစ္စရေးရဲ့  အကြောင်းပြချက်ကို ငြင်းပယ်ဖို့ အနောက်နိုင်ငံတွေကို သူတို့က ဖိအားတွေ ပေးနေပါတယ်။

တရုတ်ထိပ်တန်း သံတမန် ဝမ်ယိနဲ့ အစည်းအဝေးလုပ်ခဲ့တဲ့ အာရပ်ကမ္ဘာက အရာရှိတွေထဲမှာ ဆော်ဒီအာရေဗျ၊ ဂျော်ဒန်၊ အီဂျစ်၊ အင်ဒိုနီးရှား၊ ပါလက်စတိုင်း သိမ်းပိုက်ခံ နယ်မြေနဲ့ အစ္စလာမစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC တို့က ကိုယ်စားလှယ်တွေ ပါပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံ ရိယာ့ဒ်မြို့တော်မှာ ဒီလထဲမှာ မကြုံစဖူး ကျင်းပတဲ့ အစ္စလာမစ် အာရပ် ပူးတွဲ ထိပ်သီး ညီလာခံကလည်း ပါလက်စတိုင်း နယ်မြေတွေထဲမှာ ကျူးလွန်ခဲ့တဲ့ အစ္စရေးရဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးကို တိုက်တွန်းခဲ့ပါတယ်။ 

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013