DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယရှိ ဥမင်အတွင်း ပိတ်မိလုပ်သားများကို နည်းလမ်းသစ်ဖြင့် ကယ်ရန် စီစဉ်
DVB
·
November 19, 2023
အိန္ဒိယရှိ ဥမင်အတွင်း ပိတ်မိလုပ်သားများကို နည်းလမ်းသစ်ဖြင့် ကယ်ရန် စီစဉ်
Donate to DVB

အိန္ဒိယနိုင်ငံ ဟိမဝန္တာတောင်တန်းရှိ ပြိုကျနေတဲ့ အဝေးပြေးလမ်း ဥမင်လိုဏ်ခေါင်းထဲမှာ သီတင်း ၁ ပတ် နီးပါးလောက် ပိတ်မိနေတဲ့ အလုပ်သမား ၄၁ ဦးကို ကယ်ဆယ်ဖို့ ကြိုးစားနေတဲ့ ကယ်ဆယ်ရေးသမားတွေဟာ နိုဝင်ဘာ ၁၈ ရက်မှာ ကယ်ဆယ်ရေးနည်းလမ်းအသစ်တခုနဲ့ အစားထိုးဖို့ စီစဉ်နေပါတယ်။ 

စီမံချက်အသစ်မှာ အလုပ်သမားတွေ ပိတ်မိနေတဲ့နေရာတည့်တည့်က တောင်ကို အပေါ်ဖက်ကနေ ဒေါင်လိုက် တူးဖော်မှာဖြစ်ပြီး အချိန်တော့ ယူရမယ်လို့ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာခန် ပြည်နယ်မှ အု(တ်)တရာ ကာရှီ ခရိုင်သစ်တော အရာရှိက ပြောပါတယ်။

ဒေါင်လိုက် တူးဖော်လို့ ရနိုင်တဲ့ တောင်ပေါ်ရှိ နေရာ ၄ ခုကို တိုင်းတာမှတ်သားဖို့ ပညာရှင်အဖွဲ့ တဖွဲ့က ဘူမိဗေဒဆိုင်ရာ စစ်တမ်း တခု ပြုလုပ်ခဲ့ကြောင်း ဥမင်လိုဏ်ခေါင်းစီမံကိန်းအတွက် အထူးတာဝန်ရှိ အရာရှိ ဘာစ်ကာ ခူလ်ဘယ်က ပြောကြားပါတယ်။ 

လောလောဆယ်တော့ တူးဖော်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားဆဲဖြစ်ပြီး သတင်းကောင်းရရှိဖို့  နောက်ထပ် ၄ ရက်၊ ၅ ရက်လောက် ကြာနိုင်မယ် လို့လည်း ခူလ်ဘယ်က သတင်းထောက်တွေကို ပြောပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့ မနက်ပိုင်းက အလုပ်သမားတွေဟာ အဝေးပြေးဥမင်လိုဏ်ခေါင်းအတွင်း အလုပ်လုပ်နေချိန်မှာ လိုဏ်ခေါင်းပြိုကျလို့ ပိတ်မိနေတာဖြစ်ပြီး ခုထိတော့ ဘေးကင်းနေဆဲပဲ လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

တောင်စောင်းဥမင်လိုဏ်ခေါင်းအတွင်း ပိတ်မိနေတဲ့ အလုပ်သမားတွေဟာ ပိုက်လုံးကနေတဆင့် အလင်းရောင်၊ ဆေးဝါး၊ ရေနဲ့ အစားအစာတွေကို လက်ခံရယူနိုင်ပြီး ရေဒီယို မှတဆင့် ဆက်သွယ်လို့ ရပါတယ်။ သောကြာနေ့က ကယ်ဆယ်ရေး လုပ်ငန်းတွေ နှောင့်နှေးသွားခဲ့ပြီးနောက် အပြင်မှာ စောင့်ဆိုင်းနေကြတဲ့ အလုပ်သမားတွေနဲ့ ဆွေမျိုးသားချင်းတွေ စိတ်ဓာတ်ကျဆင်း ခဲ့ကြပါတယ်။ 

“မနက်ဖြန်ဆို ကယ်ဆယ်ပေးမယ်လို့ အာဏာပိုင်တွေက နေ့တိုင်းပဲ ကတိပေးနေပြီး အခု ၇ ရက်တောင် ရှိနေပြီ၊ အဲဒီလိုပဲ ပြောနေတုန်း၊ နေ့တိုင်း ဒါပဲ ကြားနေရတုန်း”လို့ ပိတ်မိ အလုပ်သမားတယောက်ရဲ့ ဆွေမျိုး အဘ်ဟေးကူးမား က ပြောဆိုပါတယ်။ 

၀န်ကြီးချုပ်ရုံး လက်ထောက်အတွင်းဝန် မန်ဂက်ရှ် ဂီလ်ဒ်ယာလ် ကလည်း အလုပ်သမားတွေကို ကယ်ဆယ်နိုင်ဖို့ ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းအားလုံးကို လုပ်ဆောင်သွားမှာဖြစ်ပြီး သူတို့ဆီကို အမြန်ဆုံး ရောက်ဖို့က ဦးစားပေးကိစ္စပဲ လို့ ပြောပါတယ်။ 

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013