DVB Logo
Home
မြန်မာသတင်း
ညောင်ခါးရှည် X-Ray ဂိတ်တွင် ကားသမားများထံက မတရားငွေကြေးတောင်းနေ
DVB
·
November 18, 2023
ညောင်ခါးရှည် X-Ray ဂိတ်တွင် ကားသမားများထံက မတရားငွေကြေးတောင်းနေ
Donate to DVB

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည် X-Ray ဂိတ်မှာ ကားသမားတွေဆီကနေ ငွေကြေး မတရားတောင်းခံပြီး ငွေပေးတဲ့ကားတွေကိုပဲ အရင်သွားခွင့်ပြုတယ်လို့ ယာဉ်မောင်းတွေ၊ ညောင်ခါးရှည်ဂိတ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ယာဉ်ထိန်း၊ ရဲ၊ စစ်တပ်နဲ့ တခြားနယ်မြေခံ အဖွဲ့အစည်းတွေက ကားတစီးကိုကျပ် ၁၅,၀၀၀ ကနေ ကျပ်  ၁၀၀,၀၀၀ အထိ တောင်းခံနေတာလို့ သိရပါတယ်။

ကားမောင်းသူတယောက်က “ဘယ်လိုတွေ တောင်းနေတာလဲတော့ မသိဘူး။ ငိုပြတတ်ရင်တော့ ပေးရတာ သက်သာတယ်။ ကျနော်တော့ ၁၅,၀၀၀ ပေး ခဲ့ရတယ်။ သူတို့ရှိတဲ့နေရာကို တယောက်က သွားပြီးတော့ ကားနံပါတ်ပြောရတယ်။ ပြီးရင် ကျနော်တို့ ကုန်ပို့နောက်ကျလို့မရလို့ပါ ဘာညာ ပြောပြီးပိုက်ဆံပေးလိုက်။ အဲလိုမှ X-Ray စက်နဲ့ နီးတဲ့နေရာကိုခေါ်သွားပြီး ကျော်ခိုင်းတာ” လို့  ပြောပါတယ်။

ဒါ့အပြင် ကျော်တက်တဲ့ကားတွေကို ဖမ်းဆီးလိုင်စင်သိမ်းတာတွေ၊ ဒဏ်ငွေကို ၄၊ ၅ သောင်း၊ တသိန်းအထိရိုက်တာမျိုးလုပ်ပြီး ကားတွေကျော်တက်တာမရှိဘူးဆိုရင်တော့ ကားသမားတွေကို

လိုက်ညှိပြီး ပိုက်ဆံတောင်း ကျော်ခိုင်းတာမျိုး ရှိတယ်လို့ သိရပါတယ်။

ကုန်ကားမောင်းသူ နောက်တယောက်က “ငှက်ပျောတော ထိကျော်မယ်ဆိုရင် ၇၀,၀၀၀၊ ရထားလမ်းထိကျော်မယ်ဆိုရင် ၁၀၀,၀၀၀၊ အဲလိုတောင်းတာ။ ပိုက်ဆံ မပေးရင်လည်း တရက်နဲ့ တညစောင့်နေရတာမျိုးတွေရှိတယ်။ ကားတန်းက အဗျားကွေ့ အကျော် ကသစ်ဝိုင်ဘုန်းကြီးကျောင်းကနေဆိုရင် ၃ မိုင်ကျော် ၄ မိုင်နီးပါးလောက် ကားတန်း ရှည်တယ်။ ကားတန်းပိတ်လေ သူတို့အတွက်ပိုက်ဆံရလေပေါ့။ အခုနောင်ပိုင်း ဝန်ကြီးကပါ ကားတန်းတွေအဲလို မကျော်ဖို့ လမ်းကိုပိတ်ခိုင်းထားတယ်ကြားတယ်။ အရင်ကဆို ငှက်ပျောတောပတ်ချာလည်နားမှာ မော်တော်ပီကယ်က ၁၀,၀၀၀ တောင်းတယ်။ ရဲက ၅,၀၀၀ တောင်းတယ်” လို့ ပြောပါတယ်။

ကားတန်းနည်းရင်တော့ ကားအသေးတွေပါ စက်ထဲဝင် စစ်းဆေးခံရတာတွေရှိပီး ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ် စတင်ပြုလုပ်ပြီးကတည်းက ပိုက်ဆံတောင်း နေခဲ့ပေမဲ့ လွန်ခဲ့တဲ့ ၁ လ လောက်ကစပြီး ပိုပြီးတောင်းခံလာတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013