
အိုက်စလန်နိုင်ငံက ဂရင်ဒါဗစ်ခ်မြို့ရဲ့ ကောင်းကင်ကနေ မြင်ရတဲ့ မြင်ကွင်းတွေနဲ့ ပတ်ဝန်းကျင်မှာ မြေကြီး အက်ကြောင်းတွေကို နိုဝင်ဘာ ၁၇ ရက်က တွေ့ရလို့ မီးတောင်ပေါက်ကွဲတော့မယ့်အရေး အတွက် စိုးရိမ် နေကြပါတယ။
ပြီးခဲ့တဲ့ သီတင်းပတ်က မြို့တော် ရေးကီယာဗစ်နားမှာရှိတဲ့ ရေးကီယာနက်စ် ကျွန်းဆွယ်မှာ ငလျင်လှုပ်တာတွေနဲ့ မြေအောက်ချော်ရည်တွေ စီးထွက်လာတာတွေ ပိုပြင်းထန် လာခဲ့လို့ အာဏာပိုင်တွေက ငါးဖမ်းမြို့ ဂရင်ဒါဗစ်ခ်က ပေါင်း ၄၀၀၀ နီးပါးကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းခိုင်း ခဲ့ပါတယ်။
ဂရင်ဒါဗစ်ခ်မြို့ကို ဖြတ်ကျော် ပျံသန်းရင်း မြို့လယ်ခေါင်ကိုဖြတ်သန်းချိန်မှာ မြေကြီးထဲမှာ အက်ကြောင်းကြီးတွေကို မြင်တွေ့ ရပြီး လမ်းမကြီးက သွားလို့ မရတော့ပါဘူး။
တချို့နေရာတွေမှာ မြေက တမီတာကျော်ကျော် မြုပ်သွားခဲ့ပါတယ်။ မီးတောင်ပေါက်ကွဲမှု ဖြစ်နိုင်ခြေ မြင့်မားနေဆဲလို့ ဘူမိရူပဗေဒပညာရှင် အာရီ ထရူစတီ ဂု(ဒ်)မန်ဆန်က ပြောပါတယ်။
မီးတောင် ပေါက်ကွဲမှုက ကြီးမှာတော့ မဟုတ်ပေမယ့် ဘူမိအပူဓာတ်အားပေး စက်ရုံနဲ့ နာမည်ကြီး ရေပြာကန်ကို ခြိမ်းခြောက်နိုင်ပြီး မြို့က ချော်ရည်တွေထဲမှာ မြုပ်သွားနိုင်တယ်လို့ ပြောပါတယ်။
ဂရင်ဒါဗစ်ခ်မြို့ကနေ ၄ မိုင်ကျော် အကွာမှာရှိတဲ့ စဗာတ်စံဂီ ဘူမိအပူဓာတ်အားပေးစက်ရုံ တစ်ဝိုက်မှာ စီးလာမယ့် ချော်ရည်တွေကို လမ်းကြောင်းလွဲဖို့ ဒီဇိုင်းထုတ်ထားတဲ့ တမံကြီး တခုကို တည်ဆောက်ဖို့ ပြင်ဆင်နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ငလျင် လှုပ်ခတ်တဲ့ အကြိမ်ရေ မြင့်တက်လာခဲ့လို့အိုက်စလန်ရဲ့ ခရီးသွားတွေကို အဓိက ဆွဲဆောင် မှုတစ်ခုဖြစ်တဲ့ ရေပြာအိုင် ဘူမိရေပူစမ်းကို ပိတ်ပစ်ဖို့ လှုံ့ဆော်မှု တိုးလာခဲ့ပါတယ်။
Source/Photo-Reuters










