DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံအဖြစ် အိုက်စ်လန်က ဆက်လက်ရပ်တည်၊ မြန်မာက အဆင့် ၁၃၁ နေရာ တွင်ရှိ
DVB
·
June 29, 2021
ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံအဖြစ် အိုက်စ်လန်က ဆက်လက်ရပ်တည်၊ မြန်မာက အဆင့် ၁၃၁ နေရာ တွင်ရှိ
Donate to DVB

အခုနှစ် ၂၀၂၁ ရဲ့ ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံအဖြစ် အိုက်စ်လန်နိုင်ငံက ဆက်လက် ရပ်တည်နေပြီး ပြည်တွင်းရေး မတည်ငြိမ်မှုတွေနဲ့ မြန်မာနိုင်ငံကတော့ ကမ္ဘာ့နိုင်ငံပေါင်း ၁၆၀ ကျော်ထဲ အဆင့် ၁၃၁ နေရာမှာ ရပ်တည်နေပါတယ်။

ဒီရလဒ်တွေရဲ့ တိုင်းတာမှု အညွှန်းကိန်းတွေ ရရှိနိုင်ဖို့ နိုင်ငံအသီးသီးရဲ့ ပြည်တွင်းရေး ပဋိပက္ခနဲ့ ကြာမြင့်ကာလ၊ ပဋိပက္ခကာလအတွင်း သေဆုံးသူအရေအတွက်၊ နိုင်ငံရေး မတည်ငြိမ်မှု၊ အကြမ်းဖက်မှုဆိုင်ရာ အကျိုးသက်ရောက်မှု၊ အကြမ်းဖက် ရာဇဝတ်မှုအဆင့်၊ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေးအဖွဲ့တွေဆီ ငွေကြေးထောက်ပံ့လှူဒါန်းမှု စတဲ့ အချက်ပေါင်း ၂၃ ချက်ပါ ညွှန်ကိန်းတွေအပေါ် တိုင်းတာတွက်ချက်ထားတာ ဖြစ်ပါတယ်။

အိုက်စ်လန်နိုင်ငံကတော့ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကတည်းက လက်ရှိအချိန်ထိ ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံအဖြစ် ဆက်တိုက်ရပ်တည်နေတာ ဖြစ်ပါတယ်။

သူ့နောက်မှာတော့ နယူးဇီလန်၊ ဒိန်းမတ်၊ ပေါ်တူဂီ၊ စလိုဗေးနီးယားနိုင်ငံတွေက ကမ္ဘာ့အငြိမ်းချမ်းဆုံး ၅ နိုင်ငံအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံ တနိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံကတော့ အဆင့် ၁၁ နေရာမှာ ရှိနေပြီး သူ့နောက်မှာ ဂျပန်နိုင်ငံက ရှိနေတာ ဖြစ်ပါတယ်။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ အဆင့် ၁၁၃ နေရာမှာ ရပ်တည်နေပြီး အမေရိကန်နိုင်ငံကတော့ ၁၂၂ နေရာမှာ ရပ်တည်နေပါတယ်။   

မတရားစစ်အာဏာသိမ်းမှုတွေကြောင့် ပြည်တွင်းရေး မငြိမ်သက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံကတော့ အဆင့် ၁၃၁ နေရာမှာ ရှိနေပြီး မနှစ်ကတော့ ၁၂၆ နေရာမှာ ရှိခဲ့ကာ ၅ ဆင့် ထပ်မံပြီးတော့ ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013