DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည် ကြားကာလ လွှတ်တော်ဖွဲ့စည်းကြောင်း ကြေညာ
DVB
·
November 17, 2023
ကရင်နီပြည် ကြားကာလ လွှတ်တော်ဖွဲ့စည်းကြောင်း ကြေညာ
Donate to DVB

ကရင်နီ (ကယား)ပြည်နယ်မှာ  ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းပြီး “ကရင်နီပြည်နယ် ကြားကာလလွှတ်တော်” ဆိုပြီး ပြောင်းလဲခေါ်ဆို ဖွဲ့စည်းလိုက်ကြောင်း ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)က နိုဝင်ဘာ ၁၇ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ်က လွှတ်တော်ကျင်းပခါနီးမှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ  အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက  လူထုသပိတ်အင်အားစုနဲ့တွေနဲ့အတူ ရပ်တည်ပြီး ကန့်ကွက်ခဲ့ကြတာပါ။

စစ်အာဏာသိမ်းမှုနောက်ပိုင်း လစ်ဟာနေတဲ့ ကရင်နီပြည်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍ  ဦးဆောင်နိုင်ဖို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ဖွဲ့စည်းခဲ့ပြီး အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ကရင်နီပြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု အောက်မှာ အရေးပါတဲ့ ထောက်တိုင်အဖြစ်ရပ်တည်ပြီး ပြည်နယ်အတွင်း တခြား တော်လှန်ရေးအင်အားစုတွေနဲ့အတူ လွှတ်တော်ကိုယ်စားပြုအနေနဲ့ ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ ပူးပေါင်းခြင်းမရှိတဲ့ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေကို ကရင်နီပြည်ရဲ့ နိုင်ငံရေးအခင်းအကျဉ်းမှာ ဆက်လက်ပါဝင်နိုင်ရေး  ကရင်နီပြည်နယ် ကြားကာလ ဥပေဒပြုရေးကော်မီတီကို ဖွဲ့စည်းခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

မဏ္ဍိုင်ကြီး ၃ ရပ်မှာပါဝင်တဲ့  “ကရင်နီပြည်နယ်ကြားကာလဥပဒေပြုရေးကော်မီတီကို” “ကရင်နီပြည်နယ်ကြားကာလလွှတ်တော်အဖြစ်” အမည်နာမ ပြောင်း ခေါ်ဝေါ်သုံးစွဲဖို့ KSCC က အဆိုပြုခဲ့ပြီး ဩဂုတ် ၂၄ ရက်နေ့မှာ “ ကရင်နီပြည်နယ် ကြားကာလလွှတ်တော်” အဖြစ် ရပ်တည်ကာ လွှတ်တော်ဆိုင်ရာ လုပ်ငန်းစဉ်‌တွေကို ဆောင်ရွက်နေကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်နယ် ကြားကာလလွှတ်တော်ကို ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးနဲ့ ကနဦးဖွဲ့စည်းကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ကြားကာလလွှတ်တော်မှာ ဥက္ကဋ္ဌအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရခဲ့တဲ့  ဦးဌေးအောင်၊ ဒုဥက္ကဋ္ဌ- ၁ အဖြစ် ကရင်နီဒီမိုကရက်တစ်ပါတီ (KSDP) မှ စောအားလ်ဒို နဲ့ ဒုဥက္ကဋ္ဌ - ၂ အဖြစ် ကယန်းအမျိုးသားပါတီ(KNP)မှ ခွန်းတင်နု ဦးဆောင်ပါဝင်သလို   ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထန်းဆောင်ခဲ့တဲ့ ဦးအယ်လ်ဖောင်းရှိုနဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်အပါဝင် ၁၅ ဦး နဲ့ ဖွဲ့စည်းထားပါတယ်။

ဒီကြားကာလလွှတ်တော်ဟာ ဥပဒေပြုရေးမဏ္ဍိုင်တရပ်အဖြစ် ကြားကာလအတွင်း ကရင်နီပြည်နယ်အတွက် လိုအပ်တဲ့ ဥပဒေပြုခြင်း၊ မဲဆန္ဒရှင်ပြည်သူတွေကို ကိုယ်စားပြုခြင်းနဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်တွေကို စောင့်ကြည့်ထိန်းသိမ်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ဒါ့အပြင် ပြည်သူလူထုကို အကာအကွယ်ပြုတဲ့ ဥပဒေတွေနဲ့ အခြားကျင့်သုံးဖို့ လိုအပ်တဲ့ ဥပဒေတွေကို ရေးဆွဲပြဋ္ဌာန်းတာ၊  အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်တို့ကို စောင့်ကြည့်ထိန်းညှိတာ၊  ကရင်နီပြည်နယ်အတွင်းက နိုင်ငံရေးအင်အားစုတွေရဲ့ ညီညွတ်ရေးနဲ့ ပူးပေါင်း ပါဝင်ရေးကို ဆောင်ရွက်ဖို၊ ပြည်တွင်း၊ ပြည်ပက နိုင်ငံရေးအင်အားစုတွေနဲ့ ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်ရေးနဲ့  ပြည်သူလူထုရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးနိုင်ဖို့အတွက် သက်ဆိုင်ရာအစုအဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်တာ  စတဲ့ လုပ်ငန်းစဉ် ၅ ချက်ကို ချမှတ် အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013