DVB Logo
Home
မြန်မာသတင်း
ရွှေ၊ ဒေါ်လာနှင့် နိုင်ငံခြား‎ငွေစျေးများ မြင့်တက်
DVB
·
November 15, 2023
ရွှေ၊ ဒေါ်လာနှင့် နိုင်ငံခြား‎ငွေစျေးများ မြင့်တက်
Donate to DVB

မြန်မာနိုင်ငံမှာ ရွှေဈေးဆက်တိုက်မြင့်တက်နေပြီး ဒီကနေ့ နိုဝင်ဘာဘာ ၁၅ ရက် နေ့လယ်ပိုင်းမှာ ၁၆ ပဲရည် ရွှေတကျပ်သားကို ကျပ် ၃၆ သိန်းခွဲထိအထိ မြင့်တက်ခဲ့တယ်လို့ ရန်ကုန်မြို့ ရွှေဆိုင်လုပ်ငန်းရှင်တွေထံက သိရပါတယ်။

ရွှေဈေးက နိုဝင်ဘာ ပထမပတ်မှာ တကျပ်သားကို ကျပ် ၃၅ သိန်းဝန်းကျင် ရှိခဲ့ပြီး ဒီနေ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ ကျပ် ၃၆ သိန်းခွဲဝန်းကျင်ထိ ပြင်ပဈေးကွက်မှာ မြင့်တက်လာတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှ ရွှေဆိုင်လုပ်ငန်းရှင်တဦးက “အဓိက ဒေါ်လာဈေးတွေတက်သွားလို့ ရွှေဈေးတက်တာပါ။ ဒေါ်လာဈေးက ၃,၄၀၀ နည်းနည်းကျော်သွားတယ်လေ။ အဲဒီတော့ ရွှေဈေးပါ လိုက်တက်သွားတာပါ။ နယ်စပ်တိုက်ပွဲတွေကြောင့် ဝယ်လိုအားများလာပြီး ဈေးတက်တာမျိုး မဟုတ်ပါဘူး” လို့ ပြောပါတယ်။

ရွှေဈေး ရုတ်တရက် ထိုးတက်ခဲ့ပေမဲ့ အရောင်းအဝယ်ကတော့ အရင်အတိုင်း အေးနေတယ်လို့ ရွှေဆိုင်တွေထံက သိရပါတယ်။

တဖက်မှာလည်း အမေရိကန်ဒေါ်လာ အပါအဝင် တရုတ်ယွမ်၊ ထိုင်းဘတ် စတဲ့ နိုင်ငံခြားငွေ အမျိုးအစားတွေလည်း မြင့်တက်နေပြီး မြန်မာငွေဈေး ဆက်တိုက်ကျဆင်းနေပါတယ်။

အောက်တိုဘာလကုန်ပိုင်းက စတင်ခဲ့တဲ့ ရှမ်းမြောက် နယ်စပ်တိုက်ပွဲတွေကြောင့် နိုင်ငံခြားငွေဈေးတွေ မြင့်တက်လာတာ ဖြစ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းမှာ အမေရိကန် တဒေါ်လာကို မြန်မာငွေ ၃,၄၂၀ ကျပ်၊ ထိုင်းဘတ်ငွေက ၉၆ ဒသမ ၁၅ ကျပ်၊ တရုတ်ယွမ်ငွေက ၄၇၁ ကျပ်ရှိပြီး နိုဝင်ဘာ ၈ ရက် ဈေးကွက်ပေါက်ဈေးနဲ့ယှဉ်ရင် အမေရိကန် တဒေါ်လာကို ၁၃၀ ကျပ်၊ ထိုင်းဘတ်ငွေက ၄ ဒသမ ၁၅ ကျပ်၊ တရုတ်ယွမ်ငွေက ၁၉ ကျပ် တပတ်အတွင်း ဈေးမြင့်တက်လာတာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013