DVB Logo
Home
မြန်မာသတင်း
တပ်ထောက်ခံပွဲကို စစ်ကောင်စီဝါဒဖြန့် ပြည်တွင်းသတင်းဌာနက အယ်ဒီတာများ ဦးဆောင် ပြုလုပ်
DVB
·
November 15, 2023
တပ်ထောက်ခံပွဲကို စစ်ကောင်စီဝါဒဖြန့် ပြည်တွင်းသတင်းဌာနက အယ်ဒီတာများ ဦးဆောင် ပြုလုပ်
1 / 2
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကရင်နီပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ စစ်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေ ကျဆုံးမှုများပြားလာလို့ ခွန်အားဖြစ်စေဖို့ တပ်ထောက်ခံပွဲတွေကို စစ်ကောင်စီဝါဒဖြန့် ပြည်တွင်းသတင်းဌာနက အယ်ဒီတာတချို့ ဦးဆောင်ပြုလုပ်လာတယ်လို့ ထောက်ခံပွဲပြုလုပ်ရာ မြို့နယ်တွေဆီက သိရပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ဟစ်တိုင်ကွင်းမှာ နိုဝင်ဘာ ၁၅ ရက် ဒီနေ့ပြုလုပ်တဲ့ KIA၊ TNLA၊ MNDAA၊ AA၊ BPLA နဲ့ PDF တွေကို ရှုတ်ချ၊ စစ်တပ်ထောက်ခံတဲ့ပွဲကို စစ်ကောင်စီလက်အောက်ခံ မြန်မာ့ဂုဏ်သတင်းဌာနမှ အယ်ဒီတာ ဦးအောင်မိုးကျော်က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“တော်လှန်ရေးရဲဘော်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မကောင်းကြောင်း၊ စစ်တပ်ကောင်းကြောင်းပဲ ပြောသွားတာ။ အဲ့လူကို ဦးသိန်းစိန်ရဲ့ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအဖွဲ့မှာလည်း တွေ့တယ်။ အမျိုးသားရေးသမားတွေနဲ့ ပေါင်းပြီးလုပ်တဲ့ ဆန္ဒပြပွဲမှာ အမြဲတွေ့တယ်။”

ပုသိမ်မြို့ ဟစ်တိုင်ကွင်းမှာ ပြုလုပ်တဲ့ တပ်ထောက်ခံပွဲကို မြန်မာ့ဂုဏ်သတင်းဌာနမှ အယ်ဒီတာ ဦးအောင်မိုးကျော် ဟောပြောပြီး အမျိုးသားရေးသမားတဦးဖြစ်သူ ဦးချိုမြင့်ခိုင်က ထောက်ခံဆွေးနွေးခဲ့ပါတယ်။

ဦးအောင်မိုးကျော်ဟာ သမ္မတဟောင်း ဦးသိန်းစိန် ဖွဲ့စည်းထားတဲ့ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းမှာ အမှုဆောင်တဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် Positive Angle News နဲ့ မြန်မာ့ဂုဏ်သတင်းဌာနမှာ အယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်နေသူတဦး ဖြစ်တယ်လို့ ပြည်တွင်းသတင်းတခုမှ အယ်ဒီတာတဦးက ဒီဗွီဘီကို ပြောပါတယ်။

“နေပြည်တော်မှာလည်း ဟောပြောတဲ့ မရွှေစင် ဆိုတာ စစ်တပ် သတင်းစာရှင်းလင်းပွဲတွေမှာတက်တဲ့ General Life News Agency သတင်းဌာနကပဲ၊ အမျိုးသားရေးသမားတွေ။”

စစ်ကောင်စီက နိုဝင်ဘာ ၁၁ ရက်ကစတင်ကာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနဲ့ ကချင်ပြည်နယ်တို့မှာ စစ်တပ်ထောက်ခံပွဲတွေ ပြုလုပ်ခဲ့ပြီး စစ်မှုထမ်းဟောင်းအဖွဲ့၊ ပြည်ခိုင်ဖြိုးပါတီဝင်၊ အမျိုးသားရေးသမားတွေနဲ့ ထောက်ခံသူတွေအပြင် သတင်းဌာနတွေပါ ပါဝင်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013