DVB Logo
Home
မြန်မာသတင်း
ကျိုက်ထိုမြို့တွင် စက်သုံးဆီပြတ်လပ်နေ
DVB
·
November 15, 2023
ကျိုက်ထိုမြို့တွင် စက်သုံးဆီပြတ်လပ်နေ
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ လမ်းကြောင်းပိတ်ဆို့တာတွေကြောင့် စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့မှာ စက်သုံးဆီတွေကို ရန်ကုန်မြို့နဲ့ မြဝတီဘက်က တင်ပို့တာဖြစ်ပြီး ကားလမ်းပိတ်ဆို့တာနဲ့ တိုက်ပွဲဖြစ်ပွားတာတွေကြောင့် စက်သုံးဆီကို အချိန်နဲ့တပြေးညီ မတင်ပို့နိုင် ဖြစ်နေပါတယ်။

မြို့ခံတဦးက “အခုနောက်ပိုင်း ညောင်ခါးရှည်ဂိတ်မှာ လက်နက်တွေ မကြာခဏမိလို့ ပိုတင်းကျပ်စစ်တာ။ အခုဆို ကားတိုင်း စစ်ခံရတော့ လမ်းကြောင်းပိတ်ပြီး လမ်းခရီး ပိုကြန့်ကြာတာတွေ ရှိနေတာပေါ့” လို့ ပြောပါတယ်။

ကျိုက်ထိုမြို့မှာ စက်သုံးဆီဆိုင်ကြီး ၁၀ ဆိုင်ကျော်ရှိကာ စက်သုံးဆီတွေကို အရင်ကထက် ပိုတဲ့စျေးနဲ့ ဝယ်ရပြီး အခုချိန် ဆီစျေးကို တလီတာ ကျပ် ၂,၈၀၀ ထိ ပေးဝယ်ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စက်သုံးဆီဆိုင်နဲ့ နီးစပ်သူတဦးက “ဆီကပြတ်သွားတာ တမြို့လုံးပဲ။ နိုဝင်ဘာလ ၁၁ ရက်လောက်တည်းက Denko နဲ့ တခြားဆိုင်တွေက ဆီနည်းနေပြီး ဒီနေ့တော့ မရတော့ဘူး။ လက်ပြတို့ဘက်မှာ လာထည့်ကြတယ်။ ဒီနေ့ ချောစုဆိုင်မှာ လုံးဝမရတော့ဘူး။ မိဘမေတ္တာမှာတော့ အခု ၃,၀၀၀ ကျပ်ဖိုး ဆီရောင်းပေးနေတယ်” လို့ ပြောပါတယ်။

စက်သုံးဆီတွေကို သတ်မှတ်ထားတဲ့ ပမာဏအထိသာ ဝယ်ယူလို့ရပြီး နောက်တနေ့ ကယ်ရီမောင်းဖို့ ဒီနေ့ဆီဝယ်လို့မရရင် ရပ်နားရမယ်လို့ ဆိုင်ကယ် ကယ်ရီမောင်းတဦးကလည်း ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာနိုင်ငံတွင်း စက်သုံးဆီ ပြတ်လပ်တယ်ဆိုတာ ကောလာဟလသာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ ဆီအလုံလောက်ရှိပြီး ပြည်တွင်းလက်ကျန်အနေနဲ့ စက်သုံးဆီအားလုံး တလစာ အရန်ရှိသေးတယ်လို့ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013