DVB Logo
Home
နိုင်ငံတကာ
ဝင်ရိုးစွန်းရေခဲပြင်နှင့် ရေခဲမြစ်များ အရည်ပျော်မှု စိုးရိမ်စရာ အခြေအနေရောက်လာ
DVB
·
November 11, 2023
ဝင်ရိုးစွန်းရေခဲပြင်နှင့် ရေခဲမြစ်များ အရည်ပျော်မှု စိုးရိမ်စရာ အခြေအနေရောက်လာ
Donate to DVB

ဝင်ရိုးစွန်းရေခဲပြင်တွေနဲ့ ရေခဲမြစ်တွေ အရည်ပျော်ခြင်းဟာ စိုးရိမ်စရာအခြေအနေအဆင့်ကို ရောက်နေလို့ ရာသီဥတုပြောင်းလဲခြင်းရဲ့ အရေးပါမှုကို အသိအမှတ်ပြုဖို့ ဥရောပအာကာသအေဂျင်စီ (ESA) အကြီးအကဲ ဂျိုးဆက်ဖ် အက်ရှ်ဘာကာ က နိုင်ငံရေးခေါင်းဆောင်တွေကို နိုဝင်ဘာ ၁၀ ရက်မှာ တိုက်တွန်း ပြောပါတယ်။

ပြင်သစ်နိုင်ငံ မြို့တော် ပါရီမှာကျင်းပတဲ့ ဝင်ရိုးစွန်းများအခြေအနေဆိုင်ရာ ထိပ်သီးအစည်းအဝေး တရပ်ဖြစ်တဲ့ One Planet Polar Summit နဲ့ ဆက်စပ် အစည်းအဝေးအတွင်း အက်ရှ်ဘာကာက ပြောတဲ့ မိန့်ခွန်းထဲမှာ ခုလို တိုက်တွန်းလိုက်တာပါ။

ဒီအစည်းအဝေးကို ဝင်ရိုးစွန်းနဲ့ ရေခဲပြင်ဒေသရှိရာ နိုင်ငံပေါင်း ၄၀ က နိုင်ငံရေးခေါင်းဆောင် တွေနဲ့ သုတေသီတွေ တက်ရောက်ခဲ့ပါတယ်။

အက်ရှ်ဘာကာက“ရာသီဥတုက ကိုင်တွယ်ဖြေရှင်းရမယ့် အကြီးမားဆုံး အကျပ်အတည်းဖြစ်နေ တုန်းပါပဲ။ လူတိုင်းဆီက အားထုတ်မှုတွေ လိုအပ်ပါတယ်" ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ကမ္ဘာ့အပူချိန်ဟာ လာမယ့်  ၅ နှစ်အတွင်း ပူနွေးမှု ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်ထက် မကျော်လွန်နိုင်မယ့် ဖြစ်နိုင်ခြေပိုများတယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့၊ ကုလသမဂ္ဂ မိုးလေဝသ အေဂျင်စီက မေလမှာ ပြောပါတယ်။

ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာမှာ ဥရောပရဲ့ ခေါင်းဆောင်မှုကို နိုင်ငံရေးသမားတွေက မစွန့်လွှတ်ဖို့၊ အက်ရှ်ဘာကာက ဩဂုတ်လမှာ တိုက်တွန်းခဲ့ပြီး စံချိန်တင် အပူလှိုင်းတွေနဲ့ သဘာဝ ပေါက်ပင်တွေကို မီးလောင်မှုတွေဟာ ကမ္ဘာကြီး ပူနွေးလာမှုအရှိန်ရဲ့ "တကယ့်ကို စိုးရိမ်စရာ" သက်သေပဲလို့လည်း သူကပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013