
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ CDM ရဲတပ်သားတဦး တိုက်ခန်းက ပြုတ်ကျသေဆုံးခဲ့တယ်လို့ သူနဲ့နီးစပ်သူတွေက ပြောပါတယ်။
နိုဝင်ဘာ ၆ ရက် ည ၁၁ နာရီလောက်မှာ ကွာလာလမ်ပူမြို့ ချာရက်စ်မာလူရီရပ်ကွက်က အထက်မြင့်တိုက်ခန်းရဲ့ အောက်မှာ သေဆုံးလျက် တွေ့ရှိခဲ့တာလို့ သိရပါတယ်။
သေဆုံးသွားတဲ့ CDM ရဲတပ်သားဟာ အသက် ၂၃ နှစ်အရွယ် Pa Damasus Vum Lam Thang ဖြစ်ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာ CDM ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
CDM ပြုလုပ်ပြီးနောက် ၂၀၂၂ ဩဂုတ်လမှာ မလေးရှားကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်အနည်းငယ်ကမှ ဇနီးဖြစ်သူနဲ့ ကွာရှင်းထားတာဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
နီးစပ်သူတဦးက “သူက ရဲပါ၊ အရင်က ဖားကန့်မှာ တာဝန်ကျတာ၊ CDM လုပ်ပြီး မလေးကိုရောက်လာတာ။ ဘာကြောင့်ပြုတ်ကျသလဲ ဆိုတာတော့ မသိရဘူး။ အိမ်ထောင်ရေးပြဿနာတွေဖြစ်ပြီး နောက်ပိုင်းမှာ အခုလို ရုတ်တရက် သေဆုံးသွားရတာ” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ CDM ရဲတပ်သားဟာ ချင်းပြည်နယ်၊ တီးတိန်မြို့ ဇာတိဖြစ်ပြီး ဇိုမီးချင်း တိုင်းရင်းသားတဦး ဖြစ်တယ်လို့ သိရပါတယ်။