DVB Logo
Home
နိုင်ငံတကာ
ငါးကားမြောက် ထွက်ရှိလာသည့် နာမည်ကြီး The Hunger Games ရုပ်ရှင် အထူးပွဲ ပြသ
DVB
·
November 7, 2023
ငါးကားမြောက် ထွက်ရှိလာသည့် နာမည်ကြီး The Hunger Games ရုပ်ရှင် အထူးပွဲ ပြသ
1 / 3
Donate to DVB

ခုတပတ်မှာတော့ ပရိသတ်တွေကြား ရေပန်းစား နာမည်ကြီးခဲ့တဲ့ The Hunger Games ရုပ်ရှင်စီးရီးစ်တွေရဲ့ နောက်ဆက်တွဲ အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်ကား အထူးပွဲကို  ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က တိုင်းမ်စကွဲမှာ ပြုလုပ်ခဲ့ပါတယ်။

Lionsgate ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တဲ့ ဒီကားကိုတော့ ရှေ့က The Hunger Games ရုပ်ရှင်ကား ၄ ကားထဲက ၃ ကားကို ရိုက်ကူးခဲ့တဲ့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ ဖရန်စစ် လောရန့်စ်ကပဲ ထပ်မံပြီးတော့ ရိုက်ကူးပုံဖော်ပေးထားတာပါ။

ဒီကားထဲမှာတော့ တွမ် ဘလေးသ်၊ ရေချယ် ဇဲဂလာ၊ ဂျို့ရှ် အန်ဒရေ ရီဗဲရာ၊ ဟန်းတား ရှေဖာ စတဲ့ ဟောလိဝုဒ် သရုပ်ဆောင်မင်းသားမင်းသမီးတွေ ပါဝင်ထားကြပြီး ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ အကုန်အကျခံ ရိုက်ကူးထားတာပါ။

အရင်ကထွက်ရှိထားတဲ့ ရုပ်ရှင်တွေမတိုင်ခင် အချိန်တခုမှာ ဇာတ်အိမ်တည်ထားတဲ့ ဒီကားထဲမှာတော့ Panem ရဲ့ အကြီးအကဲဖြစ်လာမယ့် အသက် ၁၈ နှစ်အရွယ် ဗီလိန် ဇာတ်ကောင် President Snow ရဲ့ ငယ်ဘဝအကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Hunger Games ရုပ်ရှင်တွေအားလုံးဟာ ထွက်ရှိတဲ့ နှစ်တိုင်းရဲ့ ဝင်ငွေအများဆုံး စာရင်းမှာ ပါဝင်လေ့ရှိတာကြောင့် ဒီရုပ်ရှင်ကရော ပရိသတ်တွေကို ဘယ်လိုဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ ဆွဲဆောင်သွားမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရကြရမှာပါ။

နယူးယောက်မှာ ပြုလုပ်ခဲ့တဲ့ The Hunger Games ရုပ်ရှင်အထူးပွဲမှာတော့ အဓိက သရုပ်ဆောင်တွေ တက်ရောက်ခဲ့ကြတာကို တွေ့ရပြီး ဒီကားကိုတော့ လာမယ့် နိုဝင်ဘာ ၁၇ ရက်မှာ ရုံတင်ပြသသွားမှာဖြစ်ကာ ရုံတင်ပထမသီတင်းပတ်မှာတင် Box Office ဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၅၀ ထိ ရရှိနိုင်ဖို့ မျှော်မှန်းထားတာ ဖြစ်ပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013