DVB Logo
Home
မြန်မာသတင်း
The Hunger Games ရုပ်ရှင်စကား လီယမ်ဟမ်းစ်ဝါ့သ် ပါဝင်သည့် Killerman ရုပ်ရှင်(နမူနာ)
DVB
·
September 4, 2019
The Hunger Games ရုပ်ရှင်စကား လီယမ်ဟမ်းစ်ဝါ့သ် ပါဝင်သည့် Killerman ရုပ်ရှင်(နမူနာ)
Donate to DVB

ကြမ်းကြမ်းရမ်းရမ်း ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ဟောလိဝုဒ် Action Crime Drama အမျိုးအစား ရုပ်ရှင်ပရိသတ်အကြိုက် Killerman ရုပ်ရှင်ကို အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နေ့ကတည်းက ရုံတင်ပြသနေပါတယ်။

ဒီရုပ်ရှင်ကားကတော့ Street Thief, Cash Only စတဲ့ ရုပ်ရှင်ကားတွေနဲ့ နာမည်ကြီးတဲ့ ဟောလိဝုဒ်ရုပ်ရှင်ဒါရိုက်တာ Malik Bader က သူကိုယ်တိုင် ဇာတ်ညွှန်းခွဲပြီး ကိုယ်တိုင်ပဲ ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပြီး Blue Fox Entertainment ကနေ တင်ဆက်လိုက်တာ ဖြစ်ပါတယ်။

နယူးယောက်မြို့က Money Launderer တယောက်ဖြစ်တဲ့ Moe Diamond ဟာ မတော်တဆမှုတခုဖြစ်ခဲ့ပြီး နိုးထလာချိန်မှာတော့ သူ့ဆီမှာ သန်းနဲ့ချီတဲ့ တရားမဝင် ဒေါ်လာတွေ၊ မူးယစ်ဆေးဝါးတွေနဲ့အတူ ရှိနေခဲ့ပြီး မှတ်ဉာဏ်တွေပါ ပျောက်ဆုံးနေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ သူ့ကို ဖြိုခွင်းဖို့အတွက် မသိတဲ့ သူစိမ်းရဲတစုက လိုက်လာခဲ့ချိန်မှာတော့ အခြေအနေဟာ ပိုပြီး ရှုပ်ထွေးလာခဲ့ပါတယ်။ ဒါ ဘာကြောင့် ဖြစ်ရတာလဲ။ ဒါဟာ ရဲတွေရဲ့ အကွက်ချ လုပ်ကြံမှုလား၊ အဖြစ်မှန်ကို သိရဖို့ မြို့အနှံ့လိုက်ပြီး ရှာဖွေချိန်မှာတော့ ဘယ်လို အခက်အခဲတွေ၊ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမလဲဆိုတာတွေကို ပရိသတ်တွေက ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ နာမည်ကြီး ဟောလိဝုဒ်သရုပ်ဆောင်မင်းသား Liam Hemsworth က ခေါင်းဆောင်ပါဝင်ထားပြီး တခြား သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Emory Cohen ၊ Diane Guerrero ၊ Zlatko Buric ၊ Suraj Sharma နဲ့ Nickola Shreli စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ကြာမြင့်ချိန် ၁၁၂ မိနစ်ရှိတဲ့  ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ သွေးထွက်သံယို မြင်ကွင်းတွေ၊ ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ် ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့် တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။

The Hunger Games ရုပ်ရှင် Series တွေနဲ့ နာမည်ကြီးတဲ့ သရုပ်ဆောင် မင်းသား Liam Hemsworth ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ဒီကားဟာ ရုံမတင်ခင်ကတည်းက ပရိသတ်တွေကြားမှာတော့ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

The Hunger Games ႐ုပ္ရွင္စကား လီယမ္ဟမ္းစ္ဝါ့သ္ ပါဝင္သည့္ Killerman ႐ုပ္ရွင္(နမူနာ)

ၾကမ္းၾကမ္းရမ္းရမ္း ပစ္ခတ္တိုက္ခိုက္မႈေတြနဲ႔ ေဟာလိဝုဒ္ Action Crime Drama အမ်ိဳးအစား ႐ုပ္ရွင္ပရိသတ္အႀကိဳက္ Killerman ႐ုပ္ရွင္ကို အေမရိကန္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၃၀ ရက္ေန႔ကတည္းက ႐ုံတင္ျပသေနပါတယ္။

ဒီ႐ုပ္ရွင္ကားကေတာ့ Street Thief, Cash Only စတဲ့ ႐ုပ္ရွင္ကားေတြနဲ႔ နာမည္ႀကီးတဲ့ ေဟာလိဝုဒ္႐ုပ္ရွင္ဒါ႐ိုက္တာ Malik Bader က သူကိုယ္တိုင္ ဇာတ္ၫႊန္းခြဲၿပီး ကိုယ္တိုင္ပဲ ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ၿပီး Blue Fox Entertainment ကေန တင္ဆက္လိုက္တာ ျဖစ္ပါတယ္။

နယူးေယာက္ၿမိဳ႕က Money Launderer တေယာက္ျဖစ္တဲ့ Moe Diamond ဟာ မေတာ္တဆမႈတခုျဖစ္ခဲ့ၿပီး ႏိုးထလာခ်ိန္မွာေတာ့ သူ႔ဆီမွာ သန္းနဲ႔ခ်ီတဲ့ တရားမဝင္ ေဒၚလာေတြ၊ မူးယစ္ေဆးဝါးေတြနဲ႔အတူ ရွိေနခဲ့ၿပီး မွတ္ဉာဏ္ေတြပါ ေပ်ာက္ဆုံးေနခဲ့ပါတယ္။ အဲဒီအခ်ိန္မွာပဲ သူ႔ကို ၿဖိဳခြင္းဖို႔အတြက္ မသိတဲ့ သူစိမ္းရဲတစုက လိုက္လာခဲ့ခ်ိန္မွာေတာ့ အေျခအေနဟာ ပိုၿပီး ရႈပ္ေထြးလာခဲ့ပါတယ္။ ဒါ ဘာေၾကာင့္ ျဖစ္ရတာလဲ။ ဒါဟာ ရဲေတြရဲ႕ အကြက္ခ် လုပ္ႀကံမႈလား၊ အျဖစ္မွန္ကို သိရဖို႔ ၿမိဳ႕အႏွံ႔လိုက္ၿပီး ရွာေဖြခ်ိန္မွာေတာ့ ဘယ္လို အခက္အခဲေတြ၊ အႏၲရာယ္ေတြနဲ႔ ရင္ဆိုင္ရမလဲဆိုတာေတြကို ပရိသတ္ေတြက ဒီကားထဲမွာ ရႈစားၾကရမွာ ျဖစ္ပါတယ္။

ဒီကားထဲမွာေတာ့ နာမည္ႀကီး ေဟာလိဝုဒ္သ႐ုပ္ေဆာင္မင္းသား Liam Hemsworth က ေခါင္းေဆာင္ပါဝင္ထားၿပီး တျခား သ႐ုပ္ေဆာင္ မင္းသား မင္းသမီးေတြ ျဖစ္ၾကတဲ့ Emory Cohen ၊ Diane Guerrero ၊ Zlatko Buric ၊ Suraj Sharma နဲ႔ Nickola Shreli စတဲ့ သ႐ုပ္ေဆာင္ေတြလည္း ပါဝင္ထားၾကတာ ျဖစ္ပါတယ္။

ၾကာျမင့္ခ်ိန္ ၁၁၂ မိနစ္ရွိတဲ့  ဒီကားထဲမွာ ပါဝင္တဲ့ ၾကမ္းတမ္းတဲ့ တိုက္ခိုက္မႈေတြ၊ ေသြးထြက္သံယို ျမင္ကြင္းေတြ၊ ဇာတ္ဝင္ခန္း ျမင္ကြင္းေတြ၊ ေျပာစကား Dialog ေတြက အသက္ ၁၇ ႏွစ္ေအာက္ ကေလးငယ္ေတြ ၾကည့္ရႈဖို႔ မသင့္ေတာ္တာမို႔ ဒီကားကို ၾကည့္မယ္ ဆိုရင္ေတာ့ မိဘအုပ္ထိန္းသူခြင့္ျပဳခ်က္ Guideline နဲ႔မွ ၾကည့္ရႈသင့္ တဲ့ Restricted R အဆင့္ သတ္မွတ္ထားပါတယ္။

The Hunger Games ႐ုပ္ရွင္ Series ေတြနဲ႔ နာမည္ႀကီးတဲ့ သ႐ုပ္ေဆာင္ မင္းသား Liam Hemsworth ပရိသတ္ေတြ အႀကိဳက္ေတြ႕ၾကမယ့္ ဒီကားဟာ ႐ုံမတင္ခင္ကတည္းက ပရိသတ္ေတြၾကားမွာေတာ့ ေရပန္းစားေနခဲ့တာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013