DVB Logo
Home
နိုင်ငံတကာ
အဓိပ္ပါယ်မဲ့ နိုင်ငံရေးဆွေးနွေးမှုများကို ရှောင်ရှားရန် ယူကရိန်းသမ္မတ ပြော
DVB
·
November 7, 2023
အဓိပ္ပါယ်မဲ့ နိုင်ငံရေးဆွေးနွေးမှုများကို ရှောင်ရှားရန် ယူကရိန်းသမ္မတ ပြော
Donate to DVB

စစ်ပွဲဖြစ်ပွားနေတဲ့အချိန်မှာ ရွေးကောက်ပွဲကျင်းပဖို့ ဆွေးနွေးတာဟာ တာဝန်မဲ့လွန်းပြီး အဓိပ္ပါယ်မဲ့တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေကို ရှောင်ရှားကြဖို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက နိုဝင်ဘာ ၆ ရက်မှာ ပြောလိုက်ပါတယ်။

ရှရှားက စစ်ကြေညာပြီးနောက် လပေါင်း ၂၀ ကျော်မှာ နယ်မြေငါးပုံတပုံနီးပါးကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နေတာကို ယူကရိန်းက ရင်ဆိုင်နေရချိန်မှာ စစ်ရေးစိန်ခေါ်မှုတွေအပေါ် အာရုံစိုက်ကြဖို့ အရေးကြီးတယ်လို့ ဇလန်းစကီးက ပြောကြားလိုက်ပါတယ်။

ယူကရိန်းမှာ လက်ရှိပြဋ္ဌာန်းထားတဲ့ စစ်အုပ်ချုပ်ရေးမှာ ရွေးကောက်ပွဲကို ပိတ်ပင်ထားပေမဲ့ ဇလန်းစကီးက အထူးပြဋ္ဌာန်းချက်တွေကို ပြဋ္ဌာန်းနိုင်ဖို့ ဥပဒေပြင်ဆင်တာမျိုးနဲ့ လုပ်ငန်းစဉ်အတွက် နိုင်ငံခြားအထောက်အပံ့တွေ ရနိုင်ဖို့အတွက် စဉ်းစားနေပါတယ်။

တကယ်လို့ မဲပေးရွေးချယ်မယ်ဆိုရင် ဒုတိယသက်တမ်းအတွက် ယှဉ်ပြိုင်ချင်တယ်လို့လည်း ယူကရိန်းသမ္မတက ပြောဆိုထားပါတယ်။

ပုံမှန်အားဖြင့် ၂၀၂၄ ခုနှစ် မတ်လမှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲမတိုင်ခင် ပါလီမန်ရွေးကောက်ပွဲအတွက် ပုံမှန်ရက်စွဲဖြစ်တဲ့ အောက်တိုဘာလမှာ ရွေးကောက်ပွဲတွေကို ရက် ၉၀ တကြိမ် သက်တမ်းတိုးခဲ့ပါတယ်။ ဒါပေမဲ့လည်း အရေးပေါ်ဥပဒေကြောင့် မကျင်းပနိုင်သေးဘဲ ဖြစ်နေတာပါ။

“နိုင်ငံတော်ရဲ့ အရင်းအမြစ်တွေ၊ ဘတ်ဂျက်အရင်းအမြစ်တွေ၊ ကျနော်တို့ရဲ့ အာရုံစိုက်မှုနဲ့ စိတ်ခံစားမှုတွေ၊ ကျနော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေ ဒါတွေအားလုံးက ကျနော်တို့နိုင်ငံ အောင်ပွဲအတွက်ပဲ လိုအပ်တယ်” လို့ ဇလန်းစကီးက ပြောကြားထားပါတယ်။

ယူကရိန်းရဲ့ ဒီမိုကရေစီ အခြေအနေကောင်းတရပ်ကို ပြသနိုင်ဖို့ ရွေးကောက်ပွဲကို ကျင်းပသင့်တယ်လို့လည်း အမေရိကန် ရီပတ်ဘလစ်ကန်အမတ် လင်ဆေးဂရေဟန် အပါအဝင် ပြည်ပက တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013