DVB Logo
Home
မြန်မာသတင်း
စက်ရုံအချို့ နေ့စားအလုပ်သမားများအတွက် လစာကို ၄၈၀၀ ကျပ်ဖြင့် ဆက်ပေး
DVB
·
November 5, 2023
စက်ရုံအချို့ နေ့စားအလုပ်သမားများအတွက် လစာကို ၄၈၀၀ ကျပ်ဖြင့် ဆက်ပေး
Donate to DVB

စက်ရုံတချို့က နေ့စားဝန်ထမ်းတွေကို တရက်လုပ်ခ ၄၈၀၀ ကျပ်နဲ့ပဲဆက်ပြီး တွက်ချက်ပေးနေတယ်လို့ ကာယကံရှင်အလုပ်သမားတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက အောက်တိုဘာ ၁ ရက်ကစပြီး ထောက်ပံ့ကြေး ကျပ် ၁၀၀၀ အပါအဝင် အနည်းဆုံးအခကြေးငွေလုပ်ခက တရက် ၅၈၀၀ ကျပ် ကြေညာထားပေမယ့် အဲဒီနှုန်းအတိုင်း မရတာတွေရှိနေတာလို့ အလုပ်သမားတွေက ပြောပါတယ်။

လိူင်သာယာစက်မူဇုန်မှ အထည်ချုပ်စက်ရုံလုပ်သားတဦးက "ကျနော်တို့ကိုကြ နေ့စားတွေမို့လို့ဆိုပြီး ၄၈၀၀ ပဲ ပေးတယ်။ ​နေ့စားလည်း ဒီစက်ရုံဝန်ထမ်းပဲလေ။ ခွဲခြားဆက်ဆံသလိုတွေ လုပ်နေတာ" လို့ ပြောပါတယ်။

စက်ရုံတွေအနေနဲ့ အလုပ်ဆင်းရတဲ့​ ရက်အတွက်ပဲ လုပ်ခပေးရတဲ့ နေ့စား​လုပ်သားတွေကို ခန့်အပ်တာတွေ ပိုလုပ်နေသလို ခံစားခွင့်တွေပါ ချိုးနှိမ်ထားကြတယ်လို့ ကာယကံရှင်လုပ်သားတွေက ပြောပါတယ်။

နေ့စားအလုပ်သမားတွေကို အလုပ်ခန့်ပြီး သုံးလပြည့်ရင် အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ရမှာဖြစ်ပေမယ့် မခန့်ကြဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ အနည်းဆုံးအခကြေးငွေ ပြင်ဆင်ချက်မှာ အလုပ်သမား ၁၀ ဦးအထက်ရှိတဲ့ လုပ်ငန်းတွေအနေနဲ့ ၅၈၀၀ ကျပ်ပေးရမယ်လို့ ဖော်ပြထားပြီး နေ့စား၊ အမြဲတမ်းဝန်ထမ်းရယ်ဆိုပြီး ခွဲခြားဖော်ပြထားတာမရှိပါဘူး။

အခုလို နေ့စားဝန်ထမ်းတွေကို တရက်လုပ်ခ ၄၈၀၀ ကျပ်ပဲ ဆက်ပေးနေသလို အမြဲတမ်းဝန်ထမ်းတွေအနေနဲ့လည်း နှုန်းထားအသစ် ၅၈၀၀ ကျပ် မရတာတွေ ရှိနေတယ်လို့ ဝမ့်ဝမ့်စက်ရုံမှ အလုပ်သမားတဦးက ပြောပါတယ်။

"အောက်တိုဘာ လစာထုတ်တော့ ၅၆၀၀ ကျပ်နဲ့ပဲရတယ်။ အဲဒါက စက်ရုံဘက်က ပြီးခဲ့တဲ့လတွေက တိုးပေးထားတဲ့နှုန်း၊ အခုက တရားဝင် ၅၈၀၀ကျပ်ပေမယ့် မရဘူး။"

စက်ရုံတချို့ဟာ မနေ့က အောက်တိုဘာအတွက် လစာစထုတ်ပေးနေတာဖြစ်ပြီး တနင်္လာနေ့မှာ ကျန်စက်ရုံတွေ လစာဆက်ထုတ်ပေးဖို့ ရှိနေပါတယ်။

ဒီနေ့က ပိတ်ရက်ဖြစ်နေတာကြောင့် လစာရရှိမူနဲ့ ပတ်သက်လို့ ဆက်သွယ်တိုင်ကြားတာတွေ မရှိသေးပေမယ့် တရက်လုပ်ခ ၅၈၀၀ ကျပ်မရတာ၊ အချိန်ပိုကြေးကို ၄၈၀၀ ကျပ်အပေါ် အခြေခံတွက်ပေးတာတွေရှိမရှိ စုံစမ်းနေတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) တာဝန်ရှိသူတဦးက ပြောပါတယ်။

အလုပ်သမားတွေဟာ ၅ နှစ်ကျော်အကြာ အနည်းဆုံးလုပ်ခနှုန်း အသစ်မပြောင်းတာကြောင့် အနည်းဆုံးလုပ်ခကို ကျပ် ၁ သောင်း သတ်မှတ်ပေးဖို့ တောင်းဆိုထားကြပေမယ့် စစ်ကောင်စီက ကျပ် ၁၀၀၀ ပဲ တိုးခွင့်ပြုခဲ့ပြီး ဒါကိုထောက်ပံ့ကြေးဆိုတဲ့ အသုံးနှုန်းနဲ့ သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013