မန်ယူအသင်းသားတွေရဲ့ အားပေးထောက်ခံမှု ရရှိနေဆဲဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ရှင်းလင်း ပြောဆိုပါတယ်။
မန်ယူအသင်းက ဖူဟမ်အသင်းကို နောက်ကျသွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် အသင်းသားတွေရဲ့ စိတ်ဓာတ်ပိုင်းကို နည်းပြတန်ဟတ်ဂ်က ချီးကျူးခဲ့ပြီး သူ့အတွက် အစွမ်းကုန်ပေးဆပ် ကစားခဲ့ကြတာ လို့ တန်ဟတ်ဂ်က ပြောတာပါ။
ပွဲတိုင်းကို အနိုင်ကစားဖို့ လိုအပ်တယ်ဆိုတာ အသင်းသားတွေအားလုံး သိရှိထားသလို မိမိအတွက် ကစားပေးနေတာကိုလည်း သိရှိနားလည်းထားကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
အနိုင်ဂိုးသွင်းခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ စံပြကစားသမားဖြစ်ကြောင်း ဘောလုံးကို အမြဲတမ်း လက်ခံရယူကာ ဖန်တီးပေးချင်သူဖြစ်ပြီး အချိန်တိုင်းမှာ တာဝန်ယူမှု ရှိတဲ့သူ ဖြစ်တယ်လို့လည်း နည်းပြတန်ဟတ်ဂ်က ချီးကျူးပါတယ်။
Photo-Reuters