DVB Logo
Home
မြန်မာသတင်း
UNHCR လက်ထောက်မဟာမင်းကြီး မြန်မာနိုင်ငံရောက်၊ လူသားချင်းစာနာမှု ကူညီပေးရေး ဆွေးနွေးမည်
DVB
·
November 4, 2023
UNHCR လက်ထောက်မဟာမင်းကြီး မြန်မာနိုင်ငံရောက်၊ လူသားချင်းစာနာမှု ကူညီပေးရေး ဆွေးနွေးမည်
Donate to DVB

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) စီမံအုပ်ချုပ်ရေးဆိုင်ရာ လက်ထောက် မဟာမင်းကြီး ရာ့ဖ်မာဇူးဟာ မြန်မာနိုင်ငံရှိ ပဋိပက္ခနဲ့ သဘာဝဘေးဒဏ်ခံစားနေရသူတွေ အတွက်  လူသားချင်းစာနာမှုအကူအညီပေးနိုင်ရေးကိစ္စတွေဆွေးနွေးဖို့   နို၀င်ဘာ ၄ ရက်က ရန်ကုန်မြို့ကို ရောက်ရှိလာပါတယ်။

မြန်မာပြည် ခရီးစဥ်အတွင်း လက်ထောက်မဟာမင်းကြီးဟာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို ဆန်းစစ်လေ့လာဖို့၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပိုမိုစနစ် တကျပံ့ပိုးကူညီပေးနိုင်ဖို့နဲ့ ဒုက္ခသည်တွနဲ့ ပြည်တွင်း နေရပ်စွန့်ခွာနေရသူတွေအရေး ဆွေးနွေးညှိနှိုင်းဖို့ ရောက်ရှိလာတာလို့ ရန်ကုန်ရှိ ကုလသမဂ္ဂရုံးက သတင်းထုတ်ပြန်ပါတယ်။

လက်ထောက်မဟာမင်းကြီး ရာ့ဖ်မာဇူးဟာ ရခိုင်နဲ့ ရိုဟင်ဂျာတွေ အပါအ၀င် ပဋိပက္ခနဲ့ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ခံစားရတဲ့ မိသားစုတွေကို တွေ့ဆုံဖို့ရှိပြီး  နိုင်ငံတွင်းရှိလူ သားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးပေါ် အခြေအနေတွေကို မျက်မြင် လေ့လာသွားမယ်လို့ ဆိုပါတယ်။

မြန်မာပြည်သူတွေဟာ တစ်ဟုန်ထိုးတိုးပွားလာနေတဲ့ နေရပ်စွန့်ခွာရွှေ့ပြောင်းရမှုတွေ၊ ပြည်သူတွေအတွက် ဆိုးရွားတဲ့ ဘေးအန္တရာယ်ကျရောက်စေတာ၊ အခြေခံ၀န်ဆောင်တွေ ကန့်သတ်ခံရတာနဲ့ စားနပ်ရိက္ခာမလုံလောက်မှုတွေ ကြီးမားစွာဖြစ်စေတဲ့ လူသားချင်းစာနာထောက်ထားမှု၊ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ အခက်အခဲအကျပ်အတည်းတွေကို ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် မိုခါ ဆိုင်ကလုန်းမုန်တိုင်းရဲ့ ပြင်းထန်တဲ့ အကျိုးဆက်စာ  အဆိုပါအခက်အခဲတွေကို ပိုမိုဆိုး ရွားစေခဲ့တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့အထိ ကုလသမဂ္ဂရဲ့နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၂ သန်း နီးပါးရှိလာပြီး ဒီအထဲကမှ လူဦးရေ ၁ ဒသမ ၇ သန်းနီးပါးဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေ ဖြစ်ပါတယ်။ 

လတ်တလော ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၂၃,၀၀၀ ကျော် ထပ်တိုးလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA-Myanmar) က နိုဝင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာ မြန်မာနိုင်ငံရှိလူပေါင်း ၁၇ ဒသမ ၆ သန်းအတွက် အကူအညီလိုအပ်နေပေတဲ့ ၂၀၂၃ ခုနှစ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတုံ့ပြန် ရေးစီမံချက်အတွက် ရန်ပုံငွေ ထောက်ပံ့မှု က ၂၈ ရာခိုင်နှုန်းသာရရှိထားတယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေပေးရေး လုပ်ဆောင်ရာမှာ စစ်ကောင်စီဆီကနေ တဆင့်မပေးဖို့ ပြည်တွင်းပြည်ပ အရပ်ဖက်အဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။ 

Photo Credit- UN

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013