DVB Logo
Home
မြန်မာသတင်း
ပြည်ပအလုပ်အကိုင်အေဂျင်စီ ၅၀၀ နီးပါးအထိရှိလာ
DVB
·
November 3, 2023
ပြည်ပအလုပ်အကိုင်အေဂျင်စီ ၅၀၀ နီးပါးအထိရှိလာ
Donate to DVB

ပြည်ပကို အလုပ်သမားစေလွှတ်ခွင့် အကျိုးဆောင်လိုင်စင် ရယူထားတဲ့ အေဂျင်စီ အရေအတွက်ဟာ ၅၀၀ နီးပါးအထိ ရှိလာတယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ အရေအတွက်ဟာ အောက်တိုဘာ ၃၁ ရက်အထိ ၄၉၈ ခုအထိ ရှိလာတာဖြစ်ပြီး အာဏာမသိမ်းခင်က အေဂျင်စီ ၃၀၀ လောက်ပဲ ရှိခဲ့တာပါ။

အာဏာသိမ်းပြီးနောက် ပြည်ပအလုပ်အကိုင်အေဂျင်စီလိုင်စင် လျှောက်ထားတာတွေက တရှိန်ထိုး မြင့်တက်ခဲ့ပြီး အေဂျင်စီတွေ ဖောင်းပွလာတာနဲ့အမျှ ပြည်ပအလုပ်သမားစေလွှတ်ရေး ကိစ္စရပ်တွေမှာ ပြဿနာပေါင်းစုံ ဖြစ်ပေါ်လာတယ်လို့ အေဂျင်စီ လုပ်ငန်းရှင်တချို့က ဆိုပါတယ်။

အမည်မဖော်လိုတဲ့ လုပ်သက်ရင့် ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တဦးက “အခုမှစဝင်ပြီး လုပ်ငန်းအကြောင်း နားမလည်ဘဲလုပ်လို့ ပြဿနာတက်နေတဲ့ အေဂျင်စီတွေလည်း မနည်းဘူး။ တချို့က ဒီလောကအကြောင်း ထဲထဲဝင်ဝင်မသိဘူး၊ ပိုက်ဆံရှိလို့ ဝင်လာကြတာတွေ များတယ်” လို့ ပြောပါတယ်။

အခုလို ပြည်ပအလုပ်အကိုင်အေဂျင်စီတွေ တိုးလာချိန်မှာပဲ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီလိုင်စင်အာမခံကြေး တိုးကောက်ဖို့ပါ ပြင်ဆင်လာတာ ရှိပါတယ်။

လက်ရှိ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ကြီးအတွက် လိုင်စင်အာမခံကြေး ကျပ်သိန်း ၂၅၀ အစား၊ ကျပ်သိန်း ၁,၀၀၀ နဲ့ ထိုင်းလိုင်စင်အတွက် လိုင်စင်အာမခံကြေး ကျပ်သိန်း ၅၀ အစား ကျပ်သိန်း ၂၀၀ တိုးကောက်ဖို့ အဲဒီဝန်ကြီးဌာနက လျာထားတာ ဖြစ်ပါတယ်။

အေဂျင်စီတွေဘက်က ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ကြီးအတွက် ကျပ်သိန်း ၄၀၀ နဲ့ ထိုင်းလိုင်စင်အတွက် ကျပ်သိန်း ၁၀၀ ပဲ ပြောင်းလဲသတ်မှတ်ပေးဖို့ ပြန်လည်တင်ပြထားတယ်လို့ အေဂျင်စီအသိုက်အဝန်းက ဆိုပါတယ်။

အဲဒီ လိုင်စင်အာမခံကြေးဟာ လုပ်ငန်းမရပ်မချင်း ထုတ်ယူသုံးစွဲခွင့်မရှိဘဲ ငွေလည်ပတ်မရတဲ့အတွက် အကျပ်ရိုက်စရာ ဖြစ်စေတယ်လို့ သူတို့က ပြောပါတယ်။

ဂျပန်ကို အလုပ်သမားစေလွှတ်နေတဲ့ အေဂျင်စီလုပ်ငန်းရှင်တဦးက “ငွေပေါလို့ ဝင်လုပ်ကြတဲ့သူတွေ အတွက်ကတော့ အာမခံကြေးတိုးတာ သူတို့အတွက် မပြောပလောက်ပေမဲ့ တကယ်လုပ်နေသူတွေအတွက်က ငွေလည်ပတ်မရတော့ အဆင်မပြေဘူး။ အခု အေဂျင်စီအသစ်တွေ တိုးလာပြီးမှ အာမခံကြေး ပြောင်းဖို့ဆိုတာ ဖြစ်လာတာ” လို့ ပြောပါတယ်။

ပုဂ္ဂလိက ပြည်ပအလုပ်အကိုင် အေဂျင်စီတွေအနေနဲ့ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ယူအေအီး၊ မကာအို စတဲ့နိုင်ငံတွေဆီ အလုပ်သမား အဓိကစေလွှတ်နေတာဖြစ်ပြီး အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) က တောင်ကိုရီးယားနိုင်ငံကို EPS လုပ်သားတွေ စေလွှတ်ပေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013