
ဗြိတိန်နိုင်ငံ အင်္ဂလန်နယ် တောင်ပိုင်းကမ်းရိုးတန်း စင်္ကြံပေါ်က ဖန်းဇန့်စ်မြို့ကို ကီးရန်မုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့လို့ နိုဝင်ဘာ ၁ ရက်က လှိုင်းလုံးကြီးတွေဟာ ကမ်းခြေထိန်းနံရံကို ကျော်ပြီး ရိုက်ခတ်ခဲ့ပါတယ်။
ဂြိုဟ်တုမှတ်တမ်းတွေအရ မုန်တိုင်းက ချဉ်းကပ်လာနေပြီး လေပြင်းတိုက်ခတ်ရင်း မိုးသည်းသည်းထန်ထန် ရွာသွန်းမယ်လို့ မျှော်လင့်ထားပါတယ်။
မုန်တိုင်း ကီးရန်ဟာ ဗုဒ္ဓဟူးနေ့ညနေနဲ့ ကြာသပတေးနေ့တွေမှာ ဗြိတိန်နိုင်ငံရဲ့ တောင်ပိုင်းတဝက်ကို ဖြတ်ကျော်ဝင်ရောက်မယ်လို့ ဗြိတိန် မိုးလေဝသဌာနက ပြောခဲ့ပါတယ်။
အင်္ဂလန် တောင်ပိုင်းကမ်းရိုးတန်းဒေသတွေမှာ လေပြင်းတွေ တိုက်ခတ်နိုင်ပြီး လေတိုက်နှုန်း တနာရီ မိုင် ၇၀ ကနေ ၈၀ အတွင်း တိုက်ခတ်နိုင်ပါတယ်။
တချို့နေရာတွေမှာ တနာရီကို ၈၅ မိုင်ထက် ပိုတိုက်ခတ်နိုင်တယ်လို့ မိုးလေဝသဌာနက သတင်းထုတ်ပြန်ထားပါတယ်။
Source/Photo-Reuters











