DVB Logo
Home
မြန်မာသတင်း
လိုင်ဇာဒေသခံ ရာချီ စစ်ဘေးလွတ်ရာ ရွှေ့ပြောင်း
DVB
·
November 1, 2023
လိုင်ဇာဒေသခံ ရာချီ စစ်ဘေးလွတ်ရာ ရွှေ့ပြောင်း
Donate to DVB

စစ်ကောင်စီအခြေစိုက် ဂန်ဒေါင်ယန်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ရက္ခိုင့်တပ်တော် (AA) မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မကြာမီမှာပဲ ဂန်ဒေါင်ယန်စခန်း အပါအဝင် KIA အခြေစိုက် အာလဲန်ဘွမ်စခန်းကို စစ်ကောင်စီဘက်က ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းကနေ အုပ်ဖွဲ့ကာ တန်ပြန်တိုက်ခိုက်ခဲ့ပါတယ်။

အောက်တိုဘာ ၃၀ ရက် ညနေ ၃ နာရီလောက်မှာ တိုက်လေယာဥ် ၆ စီးပါ တိုက်လေယာဥ်အုပ်စုနဲ့ လိုင်ဇာမြို့အနီးက အာလဲန်ဘွမ်တောင်ကို လေကြောင်းက ဗုံးကြဲချမှု အနည်းဆုံး နှစ်ကြိမ်ပြုလုပ်ခဲ့တာကြောင့် မြို့နေပြည်သူတွေနဲ့ စစ်ရှောင်ပြည်သူတွေဟာ အလွန်အမင်း ထိတ်လန့်ခဲ့ကြပြီး နီးစပ်ရာ နယ်စပ်စည်းရိုးဘေးက ချောင်းကမ်းပါးတွေမှာ ထွက်ပြေး ပုန်းရှောင်ခဲ့ရပါတယ်။

အဲဒီနေ့ ညပိုင်း ၇ နာရီမှာလည်း တိုက်လေယာဥ်နှစ်စီး လာရောက်ဗုံးကြဲခဲ့တာကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့ရပြီး မြို့ခံပြည်သူတွေနဲ့ စစ်ရှောင်တွေဟာ ဘေးလွတ်မယ်ထင်တဲ့ တခြားမြို့တွေကို ညတွင်းချင်း ရွှေ့ပြောင်းဖို့ ကြိုးစားခဲ့ကြပြီး လက်ရှိအချိန်အထိ ရွှေ့ပြောင်းနေကြဆဲ ဖြစ်ပါတယ်။

ဒီနေ့ နိုဝင်ဘာ ၁ ရက် မနက်ပိုင်းကလည်း လေကြောင်းကနေ ကင်းထောက်မှုတွေ တွေ့ခဲ့ရပြီး တရုတ်နိုင်ငံရဲ့ နယ်စပ်စခန်းတွေကနေ လေကြောင်းရန်သတိပေး ဥသြဆွဲသံတွေ ဆက်တိုက်ထွက်ပေါ်နေပြီး လုံခြုံရေးတာဝန်ရှိသူတွေက ပြည်သူတွေ အထိတ်တလန့် မဖြစ်စေဖို့ တာဝန်ထမ်းဆောင်နေကြပါတယ်။

အခုလို လေကြောင်းက အင်အားအများအပြားနဲ့ တိုက်ခိုက်မှုတွေဟာ အရင်က မကြုံခဲ့ဖူးဘူးလို့ ဒေသခံတွေက အတည်ပြု ပြောဆိုပါတယ်။

အခုဖြစ်စဥ်တွေဟာ KIA နဲ့ AA ပူးပေါင်းတပ်ဖွဲ့တွေ စစ်ကောင်စီထိန်းချုပ်စခန်းတွေကို အလစ်အငိုက်ယူ တိုက်ခိုက်သိမ်းပိုက်မှုကြောင့် သင့်လျော်သလို တုံ့ပြန်နေတာဖြစ်တယ်လို့ စစ်ကောင်စီ သတင်းမီဒီယာတွေက  ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေကတော့ ပြေးလွှားနေရပြီး ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာပဲ စစ်ရှောင်ပြည်သူတွေနေထိုင်တဲ့ လိုင်ဇာမြို့အနီး မုန်လိုင်ခတ် စစ်ရှောင်စခန်းကို စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၂၉ ဦးအထိ သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013