DVB Logo
Home
မြန်မာသတင်း
ထိုင်းနယ်စပ်ကို ထွက်ပြေးခိုလှုံလာသည့် ကရင်နီ စစ်ရှောင်တချို့ နေရပ်ပြန်
DVB
·
November 1, 2023
ထိုင်းနယ်စပ်ကို ထွက်ပြေးခိုလှုံလာသည့် ကရင်နီ စစ်ရှောင်တချို့ နေရပ်ပြန်
Donate to DVB

စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ကရင်နီနယ်စပ်ရှိ ဒေါနိုးကူးစစ်ရှောင်တွေကို ထိုင်းအာဏာပိုင်တွေက ရွှေ့ပြောင်းခိုင်းတာကြောင့် နိုဝင်ဘာ ၁ ရက် ဒီကနေ့ကစပြီး လူတချို့ နေရာရွှေ့ပြောင်းသွားကြပြီလို့ စစ်ရှောင်တဦးက ပြောပါတယ်။

ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ ဒေါနိုးကူးစစ်ရှောင်စခန်းကို ဇူလိုင် ၁၂ ရက် မနက်အစောပိုင်း ၁ နာရီလောက်ကစပြီး စစ်ကောင်စီတပ်ကနေ လေယာဉ်နဲ့ ဗုံး ၅ လုံး လာရောက်ကြဲချခဲ့လို့ လူတွေ ထိခိုက်သေဆုံးခဲ့ကာ ဒေါနိုးကူးကျေးရွာမှာရှိနေတဲ့ စစ်ရှောင်တွေက ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေး ခိုလှုံခဲ့ကြတာပါ။

လေယာဉ်နဲ့ ဗုံးလာကြဲတာကြောင့် ဒေါနို့ကူး စစ်ဘေးရှောင် ၅၀၀၀ ကျော်ဟာ  ကစဉ့်ကလျားနဲ့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီးနောက် ထိုင်းအာဏာပိုင်တွေက မယ်ဆောင်ဆောင်ခရိုင် ဘန်မိုင်နန့်ဆွယ် လို့ ခေါ်တဲ့ ကရင်နီဒုက္ခသည်စခန်းစခန်း ၁ မှာ ယာယီနေရာချပေးခဲ့ပါတယ်။

အဆိုပါစခန်းမှာ နေထိုင်တာ ၃ လခန့်ရှိလာပြီး တဖက်မှာလည်း အခြေအနေတွေ အနည်းငယ် တည်ငြိမ်လာလို့ ပြန်ဖို့ ပြောဆိုတာလို့ စစ်ရှောင်စခန်းက တာဝန်ရှိသူက ပြောပါတယ်။

“သူတို့အနေနဲ့ ဒီမှာ ယာယီအနေနဲ့ပဲ ပေးနေတာပေါ့နော်။ ၃ လ ပြည့်ပြီဆိုလို့ရှိရင်တော့ ကိုယ့်နေရာကို ပြန်ကိုပြန်ရမယ်ဆိုတဲ့သဘောနဲ့ သူတို့ တဖြည်းဖြည်းချင်း ပြန်ခိုင်းတာပေါ့ နော်။ အချိန်ကန့်သတ်ပေးတာတော့ မရှိပါဘူး။ ဒါပေမဲ့ တဖြည်းဖြည်းချင်း ပြန်ရမယ်ဆိုပြီးတော့ ဒီနေ့ကစပြီးတော့ ပြန်ကြပြီ။”

အရင်နယ်စပ်မှာရှိတဲ့ ဒေါနိုးကူးစစ်ရှောင်စခန်းကတော့ ဗုံးကြဲခံရလို့ ပျက်စီးသွားခဲ့တဲ့ အဆောက်အဦကလွဲရင် ကျန်တဲ့အဆောက်အဦတွေရှိနေသေးပေမဲ့ တချို့က ပျက်စီးသွားတာတွေ ရှိတယ်လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေစတင်ဖြစ်ပွားချိန်က ထိုင်း-နယ်စပ် ဒေါနို့ကူး စစ်ရှောင်စခန်းမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင် ၂၀၀၀ ကျော်ရှိနေရာကနေ အခု  ၂၀၂၃ ခုနှစ်မှာ စစ်ဘေးရှောင်ဦးရေ ၅၀၀၀ ကျော်အထိ တိုးလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြန်မာဘက်ခြမ်း ဒေါနို့ကူးစခန်းမှာရှိနေတဲ့ စစ်ဘေးရှောင်စခန်းက စစ်ဘေးသင့်ပြည်သူတွေ ၃၀၀၀ ကျော် ထိုင်းဘက်ခြမ်းက ဒုက္ခသည်စခန်းကို ခိုလုံတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013