DVB Logo
Home
အားကစား
 ၂၀၃၄ ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံ လျှောက်ထားမှု ဆော်ဒီ တနိုင်ငံတည်းသာရှိနေ
DVB
·
November 1, 2023
 ၂၀၃၄ ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံ လျှောက်ထားမှု ဆော်ဒီ တနိုင်ငံတည်းသာရှိနေ
Donate to DVB

၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အိမ်ရှင်နိုင်ငံလျှောက်ထားမှုမှာ ဆော်ဒီတစ်နိုင်ငံတည်းသာရှိနေ တယ်လို့သိရပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အလှည့်ကျ ကျင်းပတဲ့စနစ်အရ အာရှတိုက်နဲ့ သမုဒ္ဒရာပိုင်းဇုန်က နိုင်ငံတွေမှာ လက်ခံကျင်းပစေမှာပါ။

မူလက သြစတြေးလျအသင်းက အိမ်ရှင်လျှောက်ထားဖို့ စိတ်ကူးရှိခဲ့ပေမဲ့ နုတ်ထွက်ခဲ့ပြီး ဆော်ဒီနိုင်ငံကို အားပေးထောက်ခံသွားမယ်လို့ ဆိုပါတယ်။

ဖီဖာဟာ လာမယ့် ၂၀၃၀ ပြည့်နှစ်နဲ့ ၂၀၃၄ ခုနှစ် ကမ္ဘာ့ဖလားအိမ်ရှင်နိုင်ငံတွေကို လာမယ့်နှစ်မှာ သတ်မှတ်ပေးသွားတော့မှာပါ။

၂၀၃၄ ပြိုင်ပွဲအတွက် ဆော်ဒီတစ်နိုင်ငံတည်းသာ လျှောက်ထားတာကြောင့် ဆော်ဒီနိုင်ငံကပဲ အိမ်ရှင်ဖြစ်လာဖို့ရှိတာပါ။

ဒါပေမဲ့ ဆော်ဒီနိုင်ငံဟာ လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့အတူ နွေရာသီမှာ အပူချိန် ၄၃ ဒီဂရီဆဲစီးယက်စ်လောက် ရှိတာကြောင့် ဥရောပနိုင်ငံတွေရဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ 

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013